ဗယ်လာဒိုလစ်နဲ့ပွဲအပြီးမှာ ၆၀၈ ဂိုး ဖြစ်လာခဲ့တာပါ။

ရော်နယ်ဒိုအနေနဲ့လည်း သူ့ရဲ့ ကလပ်ကစားသမားဘဝမှာ သွင်းဂိုးတွေ ဆက်လက်သွင်းယူနိုင်ဦးမှာဖြစ်လို့ မက်ဆီနဲ့ သူ့ရဲ့ ကလပ်သွင်းဂိုးပြိုင်ဆိုင်မှုက အကြိတ်အနယ်ဖြစ်လာဦးမှာဖြစ်ပါတယ်။


မနေ့ညက ကစားခဲ့တဲ့ ဗယ်လာဒိုလစ်နဲ့ပွဲမှာ ဘာစီလိုနာအတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် လီယွန်နယ်မက်ဆီရဲ့ ကလပ်အသင်းကစားသမားဘဝသွင်းဂိုးက ၆၀၈ ဂိုးအထိ ရှိသွားခဲ့ပါတယ်။ ဒါဟာ မက်ဆီအတွက်တော့ ဘာစီလိုနာအသင်းတစ်သင်းတည်းအတွက် သွင်းယူပေးခဲ့တာဖြစ်ပြီး များပြားလှတဲ့ သွင်းဂိုးတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီက ရော်နယ်ဒိုရဲ့ ကလပ်ကစားသမားဘဝသွင်းဂိုးအရေအတွက်ထက် ၂ဂိုးအသာစီးရရှိသွားခဲ့ပြီဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်း၊ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့အတွက် ရော်နယ်ဒိုက လက်ရှိအချိန်ထိ ၆၀၆ ဂိုးသွင်းယူပေးထားခဲ့တာဖြစ်ပြီး မက်ဆီက ၆၀၈ ဂိုးရှိသွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက ၈၁၃ ပွဲမှာ ၆၀၆ ဂိုး၊ မက်ဆီက ၆၉၅ ပွဲမှာ ၆၀၈ ဂိုး ရယူနိုင်ခဲ့ပါတယ်။



ရော်နယ်ဒိုကတော့ အသက် ၃၄နှစ်အရွယ်ရှိနေပြီဖြစ်ပြီး နိုင်ငံနဲ့ကလပ်ကစားသမားဘဝမှာ သွင်းဂိုး ၇၀၀ ကျော်သွင်းယူထားသူဖြစ်ပါတယ်။ မက်ဆီကတော့ အသက် ၃၂နှစ်သာရှိနေသေးပြီး ရော်နယ်ဒိုထက် ၂နှစ်ငယ်ရွယ်နေလို့ လက်ကျန်ကစားသမားဘ၀ အချိန်က ပိုမိုကြာမြင့်ဦးမှာဖြစ ်ပြီး ကလပ်ကစားသမားဘဝသွင်းဂိုးတွေကို ဆက်လက်မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ရော်နယ်ဒိုထက် ၁၁၂ပွဲလျော့ကစားထားပြီး သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ဒီရာသီမှာ ဂျူဗင်တပ်စ်အတွက် ၁၀ပွဲကစားပြီး ၅ဂိုးသွင်းယူပေးထားနိုင်ပါတယ်။ ဒါပေမယ့် အသက်အရွယ်ကြောင့် ရော်နယ်ဒိုကို အနားပေးမှုတွေ ပြုလုပ်ပေးနေရပြိး ကစားသမားကိုယ်တိုင်ကလည်း သူ့ရဲ့ကြံ့ခိုင်မှုအပေါ်အလေးထားနေလို့ အရေးမကြီးတဲ့ပွဲတွေမှာ ပါဝင်ကစားခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုအနေနဲ့လည်း သူ့ရဲ့ ကလပ်ကစားသမားဘဝမှာ သွင်းဂိုးတွေ ဆက်လက်သွင်းယူနိုင်ဦးမှာဖြစ်လို့ မက်ဆီနဲ့ သူ့ရဲ့ ကလပ်သွင်းဂိုးပြိုင်ဆိုင်မှုက အကြိတ်အနယ်ဖြစ်လာဦးမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပရိသတ်တွေအတွက်လည်း စိတ်လှုပ်ရှားစရာဖြစ်နေပြီး ဘယ်သူကအသာစီးရသွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။



က္က