အီတလီ ဂျာနယ်လစ်တစ်ဦးက ဖော်ပြလာတာပါ။

မူလာအနေနဲ့ တစ်နှစ်ကို ယူရို ၂၅ သန်းရရှိဖို့ရှိနေပြီး ဒီပမာဏာဟာ မက်ဆီ၊ရော်နယ်ဒိုနဲ့နေမာတို့ပြီးရင် စတုတ္ထမြောက် လုပ်ခအမြင့်ဆုံး ဖြစ်လာတော့မှာပါ။

ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး သောမတ်မူလာကတော့ ကမ္ဘာ့ စတုတ္ထမြောက်လုပ်ခလစာ ပေးချေရတဲ့ ကစားသမား ဖြစ်လာဖွယ်ရှိနေတယ်လို့ Fox Sports Asia သတင်းဌာနကဖော်ပြလာပါတယ်။

အကြောင်းကတော့ မူလာကို တရုတ် စူပါလိဂ်ကလပ်အသင်းတစ်သင်းက တစ်နှစ်လုပ်ခ ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းလာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းကိုတော့ အီတလီ ဂျာနယ်လစ် တန်ခရီဒီပယ်လ်မီရီက သူ့ရဲ့ တွစ်တာ အကောင့်မှာ ရေးသားဖော်ပြ လာတာလည်း ဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့သာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင် ကမ္ဘာ့လုပ်ခလစာ စတုတ္ထမြောက် အမြင့်ဆုံး ပေးချေရတဲ့ ကစားသမားအဖြစ် မူလာဟာ မက်ဆီ၊ရော်နယ်ဒို၊နေမာတို့ရဲ့နောက်မှာရပ်တည်လာတော့မှာလည်း ဖြစ်ပါတယ်။

မူလာကတော့ လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းမှာ လီဝန်ဒေါစကီးရဲ့နောက် နောက်ချန်တိုက်စစ်မှူးတစ်ဦးအ ဖြစ်ကစားနေသူလည်း ဖြစ်ပါတယ်။

မူလာဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်ခုလုံးကို ဘိုင်ယန်မြူးနစ်အသင်းမှာသာ ကစားနေသူဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်(ခ)အသင်းကနေ (က)အသင်းကို စတင်ရောက်ရှိပြီး ဂျာမနီ လက်ရွေးစင်အဖြစ် ၂၀၁၀ ခုနှစ်မှာစတင်ပြီး ယနေ့အချိန်ထိ ကစားနေသူပါ။

ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂၀၀၈ ခုနှစ်ကနေ ဒီနေ့အထိ ပြိုင်ပွဲစုံ ဂိုး၁၁၀ သွင်းပေးထားသလို ဂျာမနီ လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း ၁၀၀ ကစားပေးကာ ၃၈ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။



က္က