loading...

loading...

loading...

ဆာလာကိုရွေးချယ်ရခြင်းအကြောင်းကို တိုင်းမ်မဂ္ဂဇင်းက ဖော်ပြထားပါတယ်။
Kyaw Ko Ko Sint

ဆာလာအနေနဲ့ အခုလို ရွေးချယ်ခံရတာက အီဂျစ်သမိုင်းမှာ ပထမဆုံးဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတွေရဲ့ သံတမန်တစ်ဦးလည်းဖြစ်သူ ဆာလာကတော့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းခွဲခြားဆက်ဆံနေတဲ့ ဓလေ့ကို ပြောင်းလဲချိန်တန်ပြီလို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် (၁၀၀) စာရင်းမှာ လီဗာပူးအသင်းတိုက်စစ်မှူး မိုဟာမက်ဆာလာ ပါဝင်လာခဲ့တယ်လို့ Daily Mail သတင်းဌာနက ဖော်ပြပါတယ်။

ဆာလာကို ရွေးချယ်ရတာကတော့ ၎င်းဟာ အီဂျစ်ရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သ လို လီဗာပူးနဲ့ မူစလင်လူမျိုးတွေရဲ့ စံပြ ပုဂ္ဂိုလ်တစ်ဦးအဖြစ်လည်း သတ်မှတ်ခြင်း ခံထားရသူ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆာာလာက ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချ ဆက်ဆံတတ်သလို၊ တွေးခေါ်နိုင်စွမ်းလည်း မြင့်မားကြောင်း အခက်အခဲတွေနဲ့ တွေ့ကြုံလာတိုင်းလည်း အမြဲ ပျော်ပျော်ရွှင်ရွှင် ဖြေရှင်းတတ်ကြောင်း တိုင်းမ်မဂ္ဂဇင်းက ပြောထားပါတယ်။

ကစားသမားတစ်ယောက်အနေနဲ့လည်း ပူးပေါင်းကစားတတ်သလို၊ သူ့ကစားဟန်ကိုက အခြားသူတွေကို မှင်သက်စေကြောင်း၊ သူ့မျက်နှာကလည်း အမြဲတမ်း လင်းလက်နေပြီး သူ့ကိုမြင်တာနဲ့ အမြဲတမ်း ပြုံးပျော်ရွှင် သွားတတ်တဲ့အကြောင်းတွေကိုလည်း တိုင်းမ်မဂ္ဂဇင်းက ဖော်ပြထားပါသေးတယ်။

ဆာလာအနေနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေရဲ့ သံတမန်အဖြစ်လည်း သတ်မှတ်ခြင်းခံထားရသလို တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်တဲ့ သြဇာအလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ် (၁၀၀) စာရင်းဝင်လာတဲ့ ပထမဆုံး အီဂျစ်လူမျိုးလည်း ဖြစ်လာခဲ့တယ်လို့ Daily Mail က ပြောပါတယ်။

“ကျွန်တော်က ဘဝကိုသာမာန်ပဲ ဖြတ်သန်းနေတာပါ၊ အချိန်အများစုကို အိမ်မှာပဲ မိသားစုနဲ့ ကုန်ဆုံးပါတယ်၊ အပြင်သွားရတာကို ကျွန်တော် ဝါသနာမပါလို့ပါ” လို့ ဆာလာက တိုင်းမ်မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဆက်လက်ပြီးတော့ အမျိုးသမီးတွေကို လိင်ခွဲခြားဆက်ဆံတဲ့အပေါ်မှာလည်း - “ ကျွန်တော်တို့ရဲ့ ထုံးတမ်းအစဉ်အလာအရ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတာကိုတော့ ပြောင်းလဲသင့်ပြီလို့ ထင်ပါတယ်၊ ဒီဟာက ရွေးချယ်ခွင့်မရှိဘူး ဖြစ်နေပါတယ်။ ဒီမတိုင်ခင်ကတည်းက အမျိုးသမီးတွေအပေါ်မှာ ကျွန်တော်တတ်နိုင်သလောက် အမြဲတမ်း ကူညီခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့တွေဟာ ဒီလိုကူညီဖို့ ထိုက်တန်သူတွေလို့ ယုံကြည်ပါတယ်“ လို့ ဆာလာက ပြောသွားပါတယ်။

တိုင်းမဂ္ဂဇင်းက အခုလို တစ်နှစ်တာအတွင်း သြဇာအလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ် (၁၀၀)ကို နှစ်စဉ် ရွေးချယ်ဖော်ပြလေ့ရှိပြီး ဒီနှစ်မှာတော့ အားကစားသမားတွေထဲမှ ဆာလာအပြင် NBA ဘတ်စကတ်ဘောကစားသမား လီဘရွန်ဂျိမ်း၊ ဘောလုံးသမား အဲလက်စ်မော်ဂန်၊ တင်းနစ်ကစားသမား နာအိုမီ အိုဆာကာ၊ တာလတ်အပြေးသမား ကာစတာ ဆီမန်ညာ၊ ဂေါက်ရိုက်နဲ့ ဂိမ်းပရော်ဖက်ရှင်နယ် နင်ဂျာနဲ့ အမေရိကန် ဂေါက်ရိုက်သမား တိုက်ဂါးဝုဒ်တို့လည်း ပါဝင်လာတာတွေ့ရပါတယ်။

ဒါ့အပြင် အနုပညာရှင်တွေအဖြစ် ကမ္ဘာကျော် တေးသံရှင် တေလာဆွစ်၊ ကမ္ဘာကျော် ဟောလီးဝုဒ်မင်းသား ဒဝိန်းဂျွန်ဆင်၊ မင်းသမီးဆန် ထရာဟုဒ်၊ သတင်းမီဒီယာနယ်ပယ်မှ ဂျာနယ်လစ် ဂယ်လီကင်းနဲ့ နိုင်ငံရေးသမား နန်စီပီလိုစီတို့လည်း တိုင်းမ်မဂ္ဂဇင်းရဲ့ စာရင်းမှာပါဝင်လာခဲ့ကြောင်း သိရပါတယ်။


loading...

က္က