စက်တင်ဘာ ၂၃ မှာ ကြေညာမှာပါ။

ပရီးမီးယားလိဂ်က ၂၁ ဦးနဲ့ အများဆုံး ပါဝင်နေပြီး လာလီဂါကတော့အယောက် ၂၀ ပါဝင်နေကာ ဘာစီလိုနာ အသင်းကတော့ ၉ ဦးနဲ့ အများဆုံး ပါဝင်နေပါတယ်။

Fifa Fifpro ကရွေးချယ်မယ့် ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးအသင်းရဲ့ ဆန်ခါတင် ကစားသမား ၅၅ ယောက်စာရင်း ထွက်ပေါ်လာခဲ့ပါပြီ။

အဆိုပါ ၅၅ ယောက်စာရင်းမှာ ပရီးမီးယားလိဂ်က ကစားသမား ၂၁ ဦးထိနဲ့ အများဆုံး ပါဝင်နေတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

အခုလို ကစားသမား ၂၁ ဦးနဲ့ အများဆုံး ဖြစ်နေနိုင်ခြင်းကတော့ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ လည်းသိရပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့မှာ မီလန်မြို့မှာ ကြေညာမယ့် ဒီဆုအတွက် ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့မန်စီးတီး  အသင်းတို့က ၇ ဦးစီ ပါဝင်နေတယ်လို့ သိရပါတယ်။



ကမ္ဘာတစ်ဝန်းက ပရော်ဖက်ရှင်နယ် ကစားသမားပေါင်း ၂၃၀၀၀ ကျော်က ရွေးချယ်ပေးအပ်မယ့် ကမ္ဘာ့ အကောင်းဆုံးအသင်းအတွက် ၂၀၁၈ ဇူလိုင်ကနေ ၂၀၁၉ ဇူလိုင်အတွင်း စွမ်းရည်တွေကို အကဲဖြစ်ပေးရမှာ ဖြစ်ပါတယ်။

လာလီဂါက ကစားသမား ၂၀ ဦးပါဝင်နေပြီး ဘာစီလိုနာအသင်းက ၉ ဦးနဲ့ အများဆုံး ဖြစ်ကာ ရီးရဲအသင်းမှာ တော့ ၈ ဦးပါဝင်နေပါတယ်။

ထူးခြားချက်ကတော့ ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်စာရင်းမှာ ၁၅ နှစ်ဆက်တိုက် ပါဝင်နိုင်တဲ့ တစ်ဦးတည်း သော ကစားသမားလည်း ပါဝင်နေပြီး သူကတော့ ရော်နယ်ဒို ဖြစ်ပါတယ်။



က္က