ဆာလာကတော့ လက်ရှိမှာ အီဂျစ်အသင်းနဲ့ ပူးပေါင်းလျက်ရှိပါတယ်။

ဆာလာအနေနဲ့ ဒီနှစ်မှာ လီဗာပူးအသင်းအတွက် ၂၇ ဂိုးသွင်းပြီး ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးထားနိုင်ပြီး နိုင်ငံအသင်းဖော်ဖြစ်တဲ့ အီဂျစ်အသင်းခေါင်းဆောင် အယ်လ်မိုဟာမန်ဒီက အခုလို ချီးကျူးသွားတာ ဖြစ်ပါ တယ်။

လီဗာပူး တိုက်စစ်မှူး မိုဟာမက်ဆာလာအနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၃ ဦးစာရင်းဝင်သင့်တယ်လို့ အီဂျစ်အသင်းခေါင်းဆောင် အယ်လ်မိုဟာမန်ဒီက ထုတ်ဖော်ပြောခဲ့တဲ့အကြောင်း Sportskeeda သတင်းဌာန ကဖော်ပြလာပါတယ်။

ဆာလာအနေနဲ့ ဒီနှစ်မှာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၂၇ ဂိုးသွင်းပေးနိုင်ခဲ့သလို အသင်းကိုလည်း ချန်ပီယံလိဂ်ဆုဖ လားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။

လက်ရှိမှာလည်း အီဂျစ်အသင်းနဲ့အတူ အာဖရိကဖလားပြိုင်ပွဲကစားဖို့ ရှိနေပြီး ၈ ကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

“ ဆာလာက အခုလက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးကစားသမား ၃ ဦးစာရင်းဝင်နေပါပြီ။ လက်ရှိမှာတော့အီဂျစ်အ သင်းနဲ့ တိုင်းပြည်အတွက်အကြီးမားဆုံး ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်နေပါတယ်။ ကျွန်တော်ကတော့သူ့ကို ရော်နယ်ဒို၊မက်ဆီတို့နဲ့ တန်းတူ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၃ ဦးစာရင်းအဖြစ် သတ်မှတ်ပါတယ်။” လို့ အယ်လ်မိုဟာမန်ဒီက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ဆာလာရဲ့ လှုပ်ရှားမှုတွေအပေါ် ပရိသတ်တွေက သဘောကျနှစ်ခြိုက်ကြသလို ဆာလာကိုယ်တိုင်းကလည်း သူကစားပေးတဲ့ အသင်းတိုင်းကို အကောင်းဆုံးစွမ်းဆောင်ပေးထားနိုင်ခဲ့သူလို့ အယ်လ်မိုဟာမန်ဒီက ဆက်လက်ပြောခဲ့ပါသေးတယ်။

“ အခု ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ ကစားပါမယ်။ ဆာလာ ကျွန်တော်တို့နဲ့အတူ ရှိနေတာကိုက ကောင်းတဲ့ လက္ခဏာပါပဲ၊ အခုချိန်မှာ အရေးကြီးဆုံးကတော့ အသင်းတစ်သင်းလို ရှိနေဖို့ပါပဲ။” လို့ ပြောခဲ့ပါသေးတယ်။

အိမ်ရှင် အီဂျစ်အသင်းကတော့ အဖွင့်ပွဲအဖြစ် လာမယ့် သောကြာနေ့မှာဇင်ဘာဘွေအသင်းနဲ့ စတင်ကစားရပါ မယ်။



က္က