မျိုးဆက် ၂ ခုကို ခွဲခြားပြီးသတ်မှတ်ခဲ့တာပါ။

ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ တိုက်ဟာ နေမာရဲ့ ဒဏ်ရာပြဿနာအတွက် စိုးရိမ်နေကြောင်း မှတ်ချက်ပေးခဲ့ပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားက လီယွန်နယ်မက်ဆီနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ကြောင်း The States Man ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ခရစ်စတီယာနိုုရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတိုု့ နှစ်ဦးထဲမှာ ဘယ်သူက ပိုကောင်းမွန်တဲ့ကစားသမားလဲဆိုတဲ့ကိစ္စဟာ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ အငြင်းပွားမှုတစ်ခုဖြစ်ပါတယ်။ ပရိသတ်တွေ၊ ဝေဖန်သူတွေ၊ ကစားသမားဟောင်းတွေ၊ လက်ရှိကစားသမားတွေနဲ့ ကျွမ်းကျင်သူတွေအားလုံးက ၎င်းတို့ရဲ့ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပေမယ့် တူညီတဲ့ရလဒ်တစ်ခု ထွက်ပေါ်လာခြင်းမရှိသေးတာဖြစ်ပါတယ်။

ဘရာဇီးလ်နည်းပြတိုက်ဟာ လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုနဲ့ မက်ဆီ ဘယ်သူပိုကောင်းလဲဆိုတဲ့ ငြင်းခုန်မှုအတွင်း ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး နေမာရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေကြောင်း ပြောကြားရင်းနဲ့ ၎င်းရဲ့ထင်မြင်ချက်ကို ပြောပြခဲ့တာဖြစ်ပါတယ်။

“သူက ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပါပြီ။ သူ့ကို ကိုပါအမေရိကပြိုင်ပွဲကနေ ချန်လှပ်ခဲ့ရတာ အားလုံးလည်း မှတ်မိကြမှာပါ”



“တကယ်လို့ သူ ကြံ့ခိုင်မှုမပြည့်ဝဘူးဆိုရင် သူ လက်ရွေးစင်အသင်းနဲ့အတူ ရှိနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကစားသမားရဲ့ကျန်းမာရေးအတွက် စိုးရိမ်နေရတဲ့အချိန်မှာ အခြေအနေကို အတင်းအကြပ် ပစ်စလတ်ခတ် ဖိအားပေးသွားမှာမဟုတ်ပါဘူး။ ကျွန်တော်နဲ့ နည်းပြအဖွဲ့ဝင်တွေဟာ သူ့ရဲ့တိုးတက်မှုကို အရမ်းဂရုစိုက်နေပါတယ်။ သူ အဆင်သင့်ဖြစ်မှာပါ။ အသင်းအတွက် လိုအပ်တာတွေကို လုပ်နိုင်စွမ်း သူ့မှာ ရှိပါတယ်”

“တစ်ဦးချင်းစီ နည်းစနစ်ပိုင်းဆိုင်ရာ အရည်အသွေးအရဆိုရင် ကျွန်တော် လီယွန်နယ်မက်ဆီနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ကိုပဲ ရွေးချယ်မှာပါ။ ဘာလို့လဲဆိုတော့ သူတို့က တခြားမျိုးဆက်က ကစားသမားတွေမို့လို့ပါ”

“နောက်ထပ်မျိုးဆက်တစ်ခုမှာဆိုရင် ကျွန်တော့်အတွက် နေမာနဲ့ အီဒင်ဟာဇက်တို့က လုံးဝထူးခြားတဲ့ကစားသမားတွေပါ။ ဟာဇက်ထက် နေမာ သာတဲ့တစ်ချက်က အဆုံးသတ်ပိုင်း ပိုလျင်မြန်ပါတယ်။ သူက ရပ်တန့်လို့မရနိုင်တဲ့သူပါ”လို့ Fox Sports Asia ကို ပြောကြားခဲ့ပါတယ်။



က္က