ပြတ်ပြတ်သားသားပဲ ပြောဆိုသွားခဲ့တာပါ။

မက်ဆီအနေနဲ့ အာဂျင်တီးနားနဲ့အတူ ဆုဖလားအောင်မြင်မှု လုံးဝမရရှိသေးဘဲ အဆိုပါအချက်က သူ့ရဲ့ ကစားသမားဘဝမှာ အားနည်းချက်တစ်ခုအဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်။


အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကို ရရှိဖို့အတွက် သူ့အနေနဲ့ ဘာစီလိုနာနဲ့အတူ ရရှိထားတဲ့ ဆုဖလားတွေကို မလဲလှယ်နိုင်ဘူးလို့ မက်ဆီက ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီအနေနဲ့ အာဂျင်တီးနားနဲ့အတူ ဆုဖလားအောင်မြင်မှု လုံးဝမရရှိသေးဘဲ အဆိုပါအချက်က သူ့ရဲ့ ကစားသမားဘဝမှာ အားနည်းချက်တစ်ခုအဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်။

မက်ဆီကတော့ ၂၀၀၈ အိုလံပစ်ပွဲမှာ အာဂျင်တီးနားနဲ့အတူ ရွှေတံဆိပ်ဆွတ်ခူးခဲ့တာကလွဲပြီး အခြားအောင်မြင်မှု မရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘာစီလိုနာနဲ့တော့ ဆုဖလားပေါင်း ၃၄ လုံးအထိ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ ဗိုလ်လုပွဲတက်ရောက်ခဲ့ပေမယ့် ဂျာမနီကို အရေးနိမ့်ကာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်တိုက်တက်ရောက်ခဲ့ဖူးပေမယ့် ချီလီကို ရှုံးနိမ့်ခဲ့လို့ မက်ဆီအတွက်တော့ အာဂျင်တီးနားနဲ့အတူ အဓိကဆုဖလားတစ်လုံးကို ရယူနိုင်ဖို့က ဝေးကွာနေခဲ့ရပါတယ်။ ကမ္ဘာ့ဖလားရရှိဖို့အတွက် အခြားသောဆုဖလားတွေနဲ့ လဲလှယ်ချင်လားဆိုတဲ့ မေးခွန်းကိုတော့ မက်ဆီက အခုလိုပဲ တုံ့ပြန်သွားခဲ့ပါတယ်။

"ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်လာဖို့ ကျွန်တော့်မှာ ဆန္ဒရှိခဲ့ပါတယ်၊ ဒါပေမယ့်လည်း ဒီတစ်ခုအတွက်နဲ့တော့ ကျွန်တော့်ရဲ့ ကစားသမားဘဝက အခြားအရာတွေနဲ့ ပြောင်းလဲပစ်ဖို့ မလိုဘူးလို့ ထင်ပါတယ်၊ ဒီအောင်မြင်မှုတွေအတွက် ကျွန်တော်ပေးဆပ်ခဲ့ရတာပါ၊ ဘုရားသခင်က ကျွန်တော့်ကို ပေးထားခဲ့တာပါ၊ အတွေ့အကြုံတွေ အများကြီးရရှိလာပြီးတဲ့နောက် အရာရာတိုင်းကို ကျွန်တော် အိပ်မက်မက်နေမှာမဟုတ်ပါဘူး" လို့ မက်ဆီက Tyc Sports နဲ့ တွေ့ဆုံမှုမှာ ပြောဆိုသွားခဲ့ပါတယ်။



က္က