မက်ဆီအနေနဲ့ အာဂျင်တီးနားလက်ရွေးစင်အဖြစ် ၂၀၀၅ ခုနှစ်ကတည်းက ကိုယ်စားပြုကစားခဲ့သူလည်းဖြစ်ပါတ ယ်။
အေစီမီလန်နောက်ခံလူဘစ်ဂလီယာက အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီရဲ့ အနာဂတ်အတွက်ထုတ် ဖော်ပြောဆိုခဲ့ပြီး ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကမက်ဆီအတွက် ကစားသမားဘဝနောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်ကြော င်း ထုတ်ဖော်ပြောဆိုခဲ့မှုကို AS.COM ရဲ့ဖော်ပြချက်အရသိရပါတယ်။
ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုများစွာရရှိထားတဲ့ မက်ဆီအနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းမှာတော့ အောင်မြင်မှုရဖို့ရုန်းကန်နေရသူ့ဖြစ်ပြီး ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတွေမှာ ဒုတိယ၊ ၂၀၁၄ ကမ္ဘာ့ဖ လားမှာ ဒုတိယရရှိခဲ့တာတွေက အမြင့်ဆုံးအောင်မြင်မှုတွေပဲဖြစ်ပါတယ်။
“ မက်ဆီအနေနဲ့ နိုင်ငံ့အသင်းအတွက်ရာနှုန်းပြည့်ပေးဆပ်ခဲ့သူပါ။ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ နိုင်ငံအတွ က် ဆက်ပြီးကိုယ်စားပြုပေးမယ်လို့လည်း ဆုတောင်းနေမိပါတယ်။ သူ့အတွက်လည်း ဒီပြိုင်ပွဲက နောက်ဆုံးပြိုင်ပွဲဖြ စ်လာနိုင်ပါတယ်။ မက်ဆီအတွက်ကစားသမားဘဝနောက်ဆုံးပြိုင်ပွဲလို့လည်း ပြောနိုင်ပါတယ် ” လို့ ဘစ်ဂလီယာ က ထုတ်ဖော်ပြောဆိုလိုက်တာပါ။
မက်ဆီအနေနဲ့ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲအပြီးတွင် လက်ရွေးစင်ကစားသမားအဖြစ်ကနေ အနားယူပြီ လို့ တရားဝင်ကြေညာခဲ့ပေမယ့် အာဂျင်တီးနားနိုင်ငံသမ္မတနဲ့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအပါအဝင် ပရိသတ်အများ စုရဲ့ တောင်းဆိုမှုကြောင့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့သူလည်းဖြစ်ါတယ်။
အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ၂၀၀၅ ခုနှစ်ကတည်းက ရွေးချယ်ခံခဲ့ရတဲ့ မက်ဆီဟာ လက်ရှိမှာအသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့အတွက် ၂၀၂၂ ကမ္ဘာ့ဖလားကျင်းပချိန်တွင် အသက် ၃၄နှစ်အရွယ်ထိရှိလာမှာဖြစ်လို့ ကစားသ မားဘဝရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်ခြေများတယ်လို့လည်း သုံးသပ်မှုများရှိနေခဲ့ပါတယ်။