၂၀၂၆ မှာ အသင်းအရေအတွက် တိုးမြှင့်နိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

၂၀၂၆ ကမ္ဘာ့မှာတော့ ကနဦး ဆောင်ရွက်နေပုံအရ ၃ သင်းပါ ၁၆ အုပ်စုကနေ ၃၂ သင်းအဆင့် ပွဲစဉ်အဖြစ် ကျင်းပနိုင်ရေး စီစဉ်နေတယ်လို့ သိရပါတယ်။

ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဖီဖာအနေနဲ့ အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပသွားဖို့ စီစဉ်ခဲ့ပေမယ့် ယခုအခါ ပယ်ဖျက်လိုက်ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။

ဖီဖာ ဥက္ကဌ အင်ဖန်တီနီုက ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် ၂၀၂၂ ကနေစတင်ပြီး ပါဝင်တဲ့အသင်းတွေကို တိုးမြှင့်သွားဖို့ စီစဉ်သွားမယ်လို့ ပြောခဲ့တာပါ။ အခုလို ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားကို အသင်းတိုးမြှင့် မကျင်းပနိုင်ရတဲ့ အဓိက အကြောင်းရင်း ကတော့ အိမ်ကွင်းကို ပူးတွဲလက်ခံ ကျင်းပမယ့် နိုင်ငံမရရှိလို့ ဖြစ်တယ်လို့ဆိုပါတယ်။

ဖီဖာရဲ့ ထုတ်ပြန်ချက်မှာတော့ - “ ၄၈ သင်းလုံးကို တစ်နိုင်ငံတည်းမှာ လုပ်လို့ ရနိုင်ပါတယ်၊ ဒါပေမယ့် ကာတာမှာ ကျင်းပမယ့်အချိန် မလုံလောက်တော့တာကြောင့်ပါ၊ အသေးစိတ် ပြောရရင် သွားလာရေး ကိစ္စအ၀၀ကအစ အဆင်မပြေနိုင်တော့တာကြောင့်ပါ။” လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာက ယူအီးအက်ဖ်အေရဲ့ ဥက္ကဌ စီဖရန်က ကာတာ ကမ္ဘာ့ဖလားမှာ ၁၆ သင်းတိုးမြှင့်မယ်ဆိုရင် ပြသနာတွေ ရှိနိုင်တယ်လို့ သုံးသပ်ထားခဲ့ပြီး လက်တွေ့နဲ့ မဖြစ်နိုင်သေးဘူးလို့လည်း ပြောထားပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားမှာတော့ ၃သင်းပါ ၁၆ အုပ်စုကို ကျင်းပပြီး ၃၂ သင်းအဆင့် တက်ရောက်စေမယ့် ပြိုင်ပွဲမျိုး ကို ကျင်းပသွားနိုင်ရေး ကနဦး ဆောင်ရွက်နေပြီလို့သိရပါတယ်။ ပွဲအရေအတွက်ကလည်း ၆၄ ပွဲကနေ ပွဲ ၈၀ အထိ မြင့်တက်လာမှာ ဖြစ်ပေမယ့် ချန်ပီယံဖြစ်မယ့်အသင်းကတော့ ၇ ပွဲလောက်သာ ကစားရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က