သွင်းဂိုး ၁၇ ဂိုး သွင်းယူထားနိုင်ပါပြီ။

အသက် ၃၃ နှစ်အရွယ်မာတာကတော့ အီတလီအသင်းဖက်ကို ဂိုးသွင်းယူနိုင်တာကြောင့် အမျိုးသားနဲ့ အမျိုး သမီး ကမ္ဘာ့ဖလား ၂ ခုစလုံးရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲတွေမှာ ဂိုးအများဆုံးသွင်းယူသူဖြစ်လာခဲ့တာပါ။

ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကို ၆ ကြိမ်အထိ ရယူထားနိုင်တဲ့ဘရာဇီး အမျိုးသမီး လက်ရွေးစင် မာတာကတော့ အီတလီကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုုင်ဂိုးတစ်ဂိုးကို သွင်း ယူပေးခဲ့သူဖြစ်တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

ဒုတိယပိုင်းမှာ ရရှိခဲ့ ပင်နယ်တီကို ဂိုးအဖြစ် ကန်သွင်းယူနိုုင်ခဲ့တာကတော့ သူမကို အမျိုးသားနဲ့အမျိုးသမီး ကမ္ဘာ့ဖလားနှစ်ခုစလုံးရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ ဂိုးအများဆုံး သွင်းယူထားနိုင်သူ ဖြစ်လာစေခဲ့တာပါ။


ယခင်က ဒီစံချိန်ကို အနားယူသွားပြီ ဖြစ်တဲ့ ဂျာမနီ တိုက်စစ်မှူး မီယိုဆလပ် ကလိုဆေးက သွင်းဂိုး ၁၆ ဂိုးနဲ့ ပူးတွဲရပ်တည်နေရာမှာ ယခုအခါ မာတာက ၁၇ ဂိုးနဲ့ လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်လိုက်တာ ဖြစ်ပါတယ်။

ဘရာဇီးအသင်းအနေနဲ့ လက်ရှိ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုတွင်း အီတလီ၊သြစတြေးလျ၊ဂျမေကာ အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပါတယ်။

ရမှတ် ၆ မှတ် ၃ သင်းတူညီနေရာမှာ အီတလီက အုပ်စုဗိုလ်၊သြစတြေးလျက အုပ်စု ဒုတိယနဲ့ ဘရာဇီးက အုပ်စု တတိယသာရခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြိုင်ပွဲစည်းမျဉ်းအရ အကောင်းဆုံး တတိယရအသင်း ၄ သင်း ၁၆သင်းအဆင့်ကို တက်ရောက်မှာ ဖြစ်လို့ ဘရာဇီးအနေနဲ့ ရမှတ် ၆ မှတ်ရထားတာ ဖြစ်လို့ နောက်တဆင့်ကို သေချာပေါက် တက်ရောက်ခဲ့ပြီလို့ သိရပါတယ်။

ဒါ့အပြင် ၁၆သင်းအဆင့်မှာတော့ အိမ်ရှင် ပြင်သစ်အသင်းနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမှာ ဖြစ်ပြီး အုပ်စု ဗိုလ်နဲ့ နောက်တဆင့် တက်ခဲ့တဲ့ အီတလီအသင်းကတော့ နိုင်ဂျီးရီးယား(သို့)တရုတ်အသင်းနဲ့ ကစားရမယ်လို့ သိရပါတယ်။



က္က