လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာပါ။

ရီးရဲမက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနိုပီးရက်ဇ်ဟာ Whatsapp ကနေ ဘာနေဗျူးထိပ်ပိုင်းတာဝန်ရှိသူတွေကို ဘတ်ပီအကြောင်း ပျော်ရွှင်စွာနဲ့ ပြောဆိုခဲ့တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ဘတ်ပီဟာ အင်္ဂါနေ့ညက ကလပ်ဘရုကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် မိနစ် ၂၀ ကျော်အတွင်းမှာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။



ပွဲအပြီးမှာ ပီးရက်ဇ်က ၎င်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စာပို့ခဲ့တယ်လို့ AS က ဖော်ပြခဲ့ပြီး ဘတ်ပီရဲ့စွမ်းဆောင်ရည်ကို ပီးရက်ဇ်က အလွန်နှစ်ထောင်းအားရ ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

“ခင်ဗျားတို့ ဘတ်ပီရဲ့ ခြေစွမ်းကို မြင်ခဲ့ကြတယ်မလား”

“ဒုတိယပိုင်းမှာ ကျွန်တော်တို့ကို ဘာနေဗျူးလာပြီး ဒုက္ခပေးသွားတဲ့ ကလပ်ဘရုကို သူ ဟက်ထရစ် သွင်းယူခဲ့တယ်”

“ဒါက ပရိသတ်တွေကို အရင်အတိုင်း ပြန်ဖြစ်အောင်နဲ့ ရီးရဲမက်ဒရစ်အသင်းကို အနည်းဆုံး ၁၀ နှစ်လောက်အထိ ထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ကျွန်တော် လုပ်ပေးနိုင်မယ်ဆိုတဲ့ လက္ခဏာပဲ”လို့ Whatsapp ကနေ စာပို့ခဲ့ကြောင်း AS က ဖော်ပြခဲ့ပါတယ်။

ဖလော်ရန်တီနိုပီးရက်ဇ်က ပီအက်စ်ဂျီကြယ်ပွင့် ဘတ်ပီဟာ ဘာနေဗျူးမှာ ဇီဒန်း သို့မဟုတ် ခရစ်စတီယာနိုရော်နယ်ဒိုတို့ရဲ့ အကျိုးသက်ရောက်မှုအတိုင်း အစားထိုးနိုင်မယ့် တစ်ဦးတည်းသော ကစားသမားလို့ ရှုမြင်နေတာဖြစ်ပါတယ်။

လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းအနေနဲ့ ဘတ်ပီကို ရောင်းချမှာမဟုတ်ပေမယ့် ဖလော်ရန်တီနိုပီးရက်ဇ်နဲ့ ပီအက်စ်ဂျီအသင်းပိုင်ရှင် နက်ဆာအယ်လ်ခါလီဖီတို့ရဲ့ ရင်းနှီးမှုက ညှိနှိုင်းဆွေးနွေးဖို့အတွက် အရေးကြီးတဲ့အချက်အဖြစ် ရှိနေတယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ပီအက်စ်ဂျီအသင်းကနေ ဘတ်ပီကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့နွေရာသီမှာ သုံးစွဲခဲ့တဲ့ ပမာဏအတိုင်း ပေါင်သန်း ၂၆၀ လောက်အထိ သုံးစွဲသွားရဖွယ်ရှိနေတယ်လို့ သိရပြီး ဇီဒန်းရဲ့ နွေရာသီခေါ်ယူမှုမှာ ဟာဇက်တစ်ဦးတည်း ပွဲထွက်ကစားသမားစာရင်းမှာ ခြေစွမ်းတည်ငြိမ်စွာ ပါဝင်ကစားနိုင်နေတာဖြစ်ပါတယ်။



က္က