ကနေဒါ ၂-၀ နယူးဇီလန်ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

ဝတ်ဆင်လာတဲ့ အကျီ ၤမှာ ရေးသားထားတဲ့စာသားတွေကြောင့်ပွဲအတွင်း တာဝန်ကျခဲ့တဲ့ဒေသခံ လုံခြုံရေးက ကွင်းအတွင်းမှ ပြန်လည်မောင်းထုတ်ခဲ့တာ ဖြစ်ပြီး ဒီဖြစ်စဉ်အပေါ် မှားယွင်းစွာ ဆောင်ရွက်ခဲ့တယ်လို့ ဖီဖာက ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။

စနေနေ့က ကစားခဲ့တဲ့ ကနေဒါနဲ့နယူးဇီလန်ပွဲမှာ ကွင်းအတွင်းမှ ပရိသတ် ၂ ဦးကို ပြန်လည်ထုတ်ပယ်ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ BBC SPORT သတင်းဌာနကဖော်ပြလာခဲ့ပါတယ်။

ကနေဒါက နယူးဇီလန်ကို ၂-၀ နဲ့နိုင်ခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပွဲစဉ်တစ်ခုမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အကြောင်း ကတော့ သူတို့ နှစ်ဦးဝတ်ဆင်ခဲ့တဲ့ အဝတ်အစားကြေင့် ဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်အပေါ်မှာမှားယွင်းစွာ လုပ်ဆောင်ချက်လို့ ဖီဖာ က ပြန်လည် သတ်မှတ်ထုတ်ပြန်ခဲ့ပြီး လာမယ့်ပွဲစဉ်တွေမှာ အခုလို ဖြစ်စဉ်မျိုး မဖြစ်ပွားစေဖို့ ကြပ်မတ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

“ အဆိုပါ အမျိုးသမီးအနေနဲ့ တီရှပ်ကို ဝတ်ဆင်ခဲ့တာ နိုင်ငံရေးမဟုတ်ပဲ ဖီဖာရဲ့စည်းမျဉ်းတွေကိုလည်း မထိခိုက်စေခဲ့ပါဘူး။ ဒီဖြစ်စဉ်မှာ ကွင်းအတွင်းရှိနေတဲ့ ဒေသခံ လုံခြုံရေးရဲ့ တစ်ဖက်တည်းသော အမြင်နဲ့သာ ဆုံးဖြတ်ခဲ့တာသာ ဖြစ်ပါတယ်။ လာမယ့်ပွဲစဉ်တွေမှာ အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေဖို့ ကြပ်မတ် ဆောင်ရွက်သွားပါမယ်။” လို့ ဖီဖာက ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။

ကွင်းအတွင်းက အထုတ်ခံခဲ့ရတဲ့ ပရိသတ် တစ်ဦး ဝတ်ဆင်ခဲ့တဲ့ အကျီ ၤမှာ ရေးထားတာက အီရန်အမျိုးသမီး တွေ ဘောလုံးကွင်းအတွင်း လွတ်လွတ်လပ်လပ် ဝင်ရောက်ကြည့်ရှုခွင့်အတွက် တိုက်တွန်းတဲ့စာကို ရေးသားထားတာသာ ဖြစ်တယ်လို့ သိရပါတယ်။

ဖီဖာရဲ့ အခုလို ထုတ်ပြန်ချက်အပေါ်မှာလည်း ကျေနပ်ခဲ့ပြီး ဒီဖြစ်စဉ်ကြောင့်အီရန်မှာ အမျိုးသမီးတွေ ဘောလုံးပွဲ လွတ်လွတ်လပ်လပ်ကြည့်ခွင့်ရလာစေဖို့ ဆုတောင်းနေပါတယ်။



က္က