ကာတာနိုင်ငံအနေနဲ့ ၂၀၁၉ ခုနှစ်အတွင်း တည်ဆောက်မှုအားလုံး အပြီးသတ်ဖို့ရည်ရွယ်ထားတာပါ။

ကာတာနိုင်ငံအနေနဲ့ ဘောလုံးကွင်းသစ်တည်ဆောက်မှုများတွင် အဆင့်မြင့်နည်းပညာများ စွာအသုံးပြု ထားခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိထားတဲ့ ကာတာနိုင်ငံအနေနဲ့တည်  ဆောက်ဆဲဖြစ်တဲ့ Al Bayt ကွင်းအတွင်း အဆင့်မြင့်ဟိုတယ်ပုံစံအခန်းများထည့်သွင်း တည်ဆောက်  ခြင်းနဲ့အတူ ဇိမ်ခံအိပ်ရာပေါ်ကနေ ဘောလုံးပွဲကြည့်နိုင်ဖို့ စီစဉ်ထားတယ်လို့ robbreport.comရဲ့ေ ဖာ် ပြချက်အရ သိရပါတယ်။

ကာတာနိုင်ငံအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကွင်း ၈ကွင်းလျာထားတာဖြစ်ပြီး ၆ကွင်းကို အဆင်မြင့် နည်းပညာတွေအသုံးပြုဆောက်နေသလို လက်ရှိမှာ Al Janoub ကွင်းတစ်ကွင်းသာ ရာနှုန်းပြည့်ပြီးစီး ခဲ့ တာလည်းဖြစ်ပါတယ်။



ကာတာတော်ဝင်မိသားစုဝင်တစ်ဦးဖြစ်တဲ့အပြင် ကွင်းတည်ဆောက်မှုများတွင် ပါဝင်လုပ်ဆောင်နေတဲ့ ဂျာဆင်မ်ဘင်သာနီက ကွင်းအတွင်းရှိဟို တယ်မှာ တည်းခိုနေတဲ့သူတွေအနေနဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေကို ဇိမ်ရှိရှိနဲ့ ကြည့်ရှု့အားပေးနိုင်မယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေကတဆင့် ဖော်ပြခဲ့တာပါ။

ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ Al Bayt ကွင်းရဲ့ ပွဲကြည့်စင်အပေါ်ဆုံးဘက်တွေမှာ ဟိုတယ်ဆန်ဆန်အခန်းတွေကို ထည့်သွင်းတည် ဆောက်ထားတာဖြစ်ပြီး အိပ်ရာပေါ်ကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေကို ကြည့်ရှု့နိုင်ဖို့အတွက် စီစဉ်ထားခဲ့တာလည်းဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်ကို လက်ခံကျင်းပဖို့ရှိနေတဲ့ Al Bayt ကွင်းအနေနဲ့ လက်ရှိမှာ ၉၀ရာခိုင်နှုန်းအထိ ပြီးစီးနေခဲ့ပြီဖြစ်ပြီး လာမယ့်ဒီဇင်ဘာလအတွင်း အပြီးသတ်နိုင်မယ်လို့လည်း တည်ဆောက်ရေးတာဝန်ရှိသူတွေက အတည်ပြုထားတာပါ။



က္က