ဂျပန်နိုင်ငံကတော့ သတ်မှတ်ရက်အတိုင်း မကျင်းပနိုင်တာ ဒုတိယအကြိမ်‌‌‌မြောက်ဖြစ်ပါတယ်။
Kyaw Ko Ko Sint

စစ်ကြောင့် ပွဲရွှေ့ခဲ့ရတဲ့ ပြိုင်ပွဲကာလတွေရှိခဲ့သလို အကြမ်းဖက်သမားတွေရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု တွေကြောင့်လည်း ပွဲ မကျင်းပနိုင်မှုတွေ ရှိခဲ့ပေမယ့် အခုလို ရောဂါပိုးကြောင့် ပွဲရွှေ့ရမှုကတော့ အိုလံပစ်သမိုင်းမှာ ပထမဆုံးအကြိမ်လို့ ဆိုနိုင်ပါတယ်။


ပရိသတ်များ အားလုံး သိနှင့်ပြီးကြတဲ့အတိုင်း ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော်ကို လတ်တလော ဖြစ်ပွားနေတဲ့ ကိုရို နာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် မူလသတ်မှတ်ရက် ဇူလိုင် ၂၄မှာ မကျင်းပနိုင်တော့ပဲ ၂၀၂၁ခုနှစ်ကို ပြောင်း ရွှေ့ထားရပါတယ်။

အခုလို သတ်မှတ်ရက်အတိုင်း မကျင်းပနိုင်တာကတော့ အိုလံပစ်ပွဲတော် သမိုင်းမှာ ဒီတစ်ကြိမ်က ပထမဆုံး အကြိမ် မဟုတ်ပဲ သမိုင်းအစဥ်အလာထဲမှာ ပွဲရွှေ့ခဲ့ရတဲ့ ပွဲတော်‌တွေ ရှိနေသေးတယ်လို့ Independent သတင်းဌာန ကပြန်လည်စုစည်းဖော်ပြထားပါတယ်။

၁၉၁၆ - ဘာလင် နွေရာသီ အိုလံပစ်

၁၉၁၆ ဘာလင် နွေရာသီ အိုလံပစ်ပွဲတော်ကို ပထမ ကမ္ဘာစစ်နဲ့ တိုက်ဆိုင်နေလို့ သတ်မှတ်ရက်အတိုင်း မကျင်းပ နိုင်ခဲ့ဘူးလို့ သိရပါတယ်။ ဘာလင်အိုလံပစ်ပွဲတော်ကိုတော့ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ပဲ ဘာလင်မြို့ဟာ နှစ် ပေါင်း ၂၀ အကြာမှာတော့ ပြိုင်ဖက် ဘာစီလိုနာကိုအနိုင်ယူပြီး ၁၉၃၆အိုလံပစ်ပွဲတော်ကို ပြန်လည်ကျင်းပခွင့်တော့ ရခဲ့ပါတယ်။

၁၉၄၀ - တိုကျိုနွေရာသီနဲ့ဟယ်လ်ဆင်ကီဆောင်းးရာသီအိုလံပစ်

၂၀၂၀ နွေရာသီတိုကျိုအိုလံပစ်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေ ရှိနေလို့ ဖျက်သိမ်းလိုက်ရတာက ဂျပန်နိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံး ပျက်ပြယ်ခဲ့တဲ့ အိုလံပစ်ပွဲတော်တော့ မဟုတ်ပါဘူး။၁၉၄၀မှာ ဂျပန်မှာ အနောက်နိုင်ငံတွေ ဖြစ်တဲ့ စပိန်၊အီတလီ၊ဖင်လန်တို့ကိုကျော်ဖြတ်ပြီး အိုလံပစ်ပွဲတော် ကျင်းပခွင့်ရခဲ့ပါတယ်။ဒါပေမယ့်လည်း ကံမကောင်းစွာပဲ ဒုတိယ တရုတ်-ဂျပန်စစ်ပွဲကြောင့် ကျင်းပနိုင်ခွင့် မရခဲ့ပါဘူး။

ဖင်လန်နိုင်ငံကတော့ ဒုတိယကမ္ဘာစစ်မတိုင်မီ ဆောင်းရာသီအားကစားပြိုင်ပွဲကို အိမ်ရှင်လက်ခံကျင်းပခွင့်ရခဲ့တာ ဖြစ်ပါတယ်။ဒီပြိုင်ပွဲကလည်း ကံမကောင်းစွာပဲ ဒုတိယကမ္ဘာစစ်ကြောင့် ပျက်ပြယ်ခဲ့ရပြန်ပါတယ်။

၁၉၄၄ - နွေရာသီနှင့်ဆောင်းရာသီ လန်ဒန်အိုလံပစ်ပွဲတော်

၃၆နှစ်ကြပြီးနောက် လန်ဒန်မြို့ဟာ ဒုတိယအကြိမ်မြောက် နွေရာသီအိုလံပစ်ပွဲတော်ကို ကျင်းပခွင့်ရခဲ့ပေမယ့် ဒုတိယ ကမ္ဘာစစ်က နှောက်ယှက်ခဲ့ပြန်ပါတယ်။ဒါပေမယ့် စစ်ပြီးဆုံးပြီး ၃ နှစ်အကြာ ၁၉၄၈ နွေရာသီ အိုလံပစ်ပွဲ တော်ကိုတော့ ပြန်လည်ကျင်းပခွင့်ရခဲ့ပါတယ်။အီတလီနိုင်ငံကလည်း ၁၉၄၄ နွေရာသီအိုလံပစ်ကို ကျင်းပခွင့်ရခဲ့‌ပေ မယ့် ဒီအခွင့်အရေးကို ၁၂နှစ်ကြာ စောင့်ဆိုင်းခဲ့ရတယ်လို့သိရပါတယ်။

၁၉၇၂ - မြူးနစ်နွေရာသီအိုလံပစ်ပွဲတော်

မြူးနစ်အိုလံပစ်ပွဲတော်ကာလကို ပစ်မှတ်ထားပြီး အနက်ရောင်စက်တင်ဘာ ပါလက်စတိုင်း အကြမ်းဖက်အဖွဲ့ဟာ အစ္စရေးအသင်းအဖွဲ့ဝင် ၁၁ဦးနဲ့အတူ အနောက်ဂျာမန်ရဲအရာရှိကိုပါ သတ်ခဲ့ပါတယ်။ ဓားစာခံတွေကိုကယ်တင်ဖို့ အတွက် ရဲအရာရှိဟာ အကြမ်းဖက်သမား ၈ဦးပါ အဖွဲ့က ၅ဦးကို သတ်နိုင်ခဲ့ပါတယ်။ ကျန်အကြမ်းဖက်သမား ၃ ဦး ကိုတော့ ဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်းမှာတော့ လေယာဥ်အကြမ်းဖက်စီးနင်းမှုမှာပြန်လည်လွှတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။အိုလံပစ်ပြိုင်ပွဲကိုတော့ ၃၄နာရီအကြာ ရပ်နားထားမှုကနေ ပြန်လည်စတင်နိုင်ခဲ့ပြီး သေဆုံးသွားတဲ့ အစ္စရေး အသင်းသားတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ပေးခဲ့သော်လည်း အစ္စရေး အားကစားအဖွဲ့ အားလုံး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

၁၉၆၆ အတ္တလန္တာနွေရာသီအိုလံပစ်ပွဲတော်

အတ္တလန္တာမြို့က Centennial Olympic ပန်းခြံမှာ ဗုံးပေါက်ကွဲမှုကြောင့် အိုလံပစ်ပွဲတော်ကို များစွာ ထိခိုက်နစ်နာ စေခဲ့ပါတယ်။ပေါက်ကွဲမှုမှာ မျက်မြင်သက်သေတစ်ဦးသေဆုံးခဲ့ပြီး ၁၁၁ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ ပါတယ်။၂၀၀၃ခုနှစ်မှာတော့ ဗုံးဖောက်ခွဲသူက ဝန်ခံခဲ့ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံသွားရတယ်လို့ သိရ ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က