ပြိုင်ပွဲကျင်းပမယ့် နန်ဂျင်းမြို့မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူအချို့ရှိနေတာပါ။
Win Kyaw Min

တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံးသူ ၁၃၂ဦးအထိရှိနေခဲ့တာပါ။

၂၀၂၀ ကမ္ဘာ့ပြေးခုန်ပစ်(ရုံတွင်း)ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိထားတဲ့ တရုတ်နိုင်ငံ အေ နနဲ့ နိုင်ငံအနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မလို လားအပ်သော ရောဂါကူးဆက်မှုများဖြစ်မ လာ စေရေးအတွက် ပြိုင်ပွဲကို ရွှေ့ဆိုင်းရန်ဆုံးဖြတ်ခဲ့ပြီဖြစ်တယ်လို့ dailymail ရဲ့ဖော်ပြချက်အရ သိရပါ တယ်။

ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ နန်ဂျင်းမြို့မှာ မတ်လ ၁၃ရက်ကနေ ၁၅ရက်အထိကျင်းပဖို့လျာထားတာဖြစ်ပြီး အခြေအနေအရပ်အရပ်ကြောင့် လာမယ့် ၂၀၂၁ မတ်လအထိ တစ်နှစ်ရွှေ့ဆို်င်းရန် ပြိုင်ပွဲကျင်းပရေး တာဝန်ခံများနဲ့ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်တို့က သဘောတူညီဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။



“ အခြေအနေအရပ်ရပ်အရ ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ မမြင်နိုင်တဲ့စိန်ခေါ်မှုတစ်ခုအတွက်ခက်ခ က်ခဲခဲဆုံးဖြတ်ခဲ့ရတာပါ။ သတ်မှတ်ချိန်ထက် တစ်နှစ်နောက်ဆုတ်ဖို့သဘောတူညီခဲ့ကြပါတယ် ” လို့ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်တာဝန်ရှိသူက မီဒီယာတွေဆီ အတည်ပြုပြောသတင်းထုတ်ပြန်ခဲ့တာပါ။

အစောပိုင်းကာလတွင် ၂နှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ပြေးခုန်ပစ်(ရုံတွင်း) ပြိုင်ပွဲကို နိုင်ငံပြောင်းလဲပြီး ကျင်းပဖို့လျာထားခဲ့ပေမယ့် နောက်ဆုံးတွင်ညှိနှိုင်းမှုအချို့အရ ၂၀၂၁သို့ရွှေ့ပြောင်းရန်ဆုံးဖြတ်ခဲ့ကြ တာဖြစ်တယ်လို့လည်း သိိရပါတယ်။

တရုတ်နိုင်ငံရဲ့အရှေ့ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရက်စ်ဟာ တ ရုတ်နိုင်ငံတစ်နိုင်ငံလုံးအပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ထိစပ်နိုင်ငံတွေဖြစ်တဲ့ ထို င်း၊ ဟောင်ကောင်၊ ဂျ ပန်၊ မလေးရှားအပါအဝင် နိုင်ငံပေါင်း ၁၅နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ချုပ် (WHO) က အတည်ပြုသတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။


Author


က္က