လူဇင်ဘတ်ကို အနိုင်ရပြီးနောက် ပြောခဲ့တာပါ။

လူဇင်ဘတ်အသင်းကို ၂-၀ နဲ့ နိုင်တဲ့ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းပြီး လက်ရှိအချိန်မှာ နိုင်ငံတကာ သွင်းဂိုး ၉၉ ဂိုးထိရှိလာခဲ့ပါပြီ။

လူဇင်ဘတ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့ နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဂိုးတွေ ဆက်လက်သွင်းပြီး လက်ရှိ ဂိုးသွင်းအများဆုံး ကစားသမားအလီဒါယေးကို ကျော်ဖြတ်ပြမယ်လို့ ကတိပြုသွား ခဲ့တဲ့အကြောင်း BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



လူဇင်ဘတ်အသင်းဖက်ကို ၁ ဂိုးသွင်းလိုက်တာကြောင့် ရော်နယ်ဒိုအနေနဲ့ လက်ရှိမှာ နိုင်ငံတကာ သွင်းဂိုး ၉၉ ဂိုးထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ကမ္ဘာပေါ်မှာ နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားက အီရန်တိုက်စစ်မှူး အလီဒါ ယေးဖြစ်ပြီး ၁၀၉ ဂိုးနဲ့ ဦးဆောင်နေတာပါ။

“စံချိန်တိုင်းက ချိုးဖျက်ခံရမှာပါ၊ကျွန်တော်လည်း အခုစံချိန်ကို ချိုးဖျက်ပြပါမယ်။”လို့ ရော်နယ်ဒိုက ပွဲပြီးမှာ ပြော သွားတာပါ။



ပေါ်တူဂီအနေနဲ့ ၂၀၂၀ ယူရို ခြေစစ်ပွဲအောင် လက်မှတ် သေချာပေါက်ရဖို့အတွက် လူဇင်ဘတ်ကို အနိုင်ကစားဖို့ လိုအပ်နေခဲ့တာ ဖြစ်ပြီး အနိုင်ရလိုက်တာကြောင့် ရမှတ် ၁၇ မှတ်နဲ့ အုပ်စု ဒုတိယရကာ ခြေစစ်ပွဲအောင်မြင်ခဲ့တာ လည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက်တော့ ဒီနှစ်ဟာ ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်နေခဲ့ပြီး နိုင်ငံအသင်းအတွက် တစ်နှစ်တည်းမှာ ၁၄ ဂိုးထိ သွင်းပေးထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုအနေနဲ့ ဒုတိယမြောက် နိုင်ငံတကာ သွင်းဂိုး ၁၀၀ ပြည့်မယ့် ကစားသမားဖြစ်လာဖို့ဆိုရင်တော့ လာမယ့် နိုင်ငံတကာ ပွဲကာလဖြစ်တဲ့ ၂၀၂၀ မတ်လအထိ စောင့်ဖို့လိုနေပါသေးတယ်။

လက်ရှိမှာတော့ နိုင်ငံအသင်းအတွက် ဟက်ထရစ် ၉ ကြိမ်သွင်းပေးထာားနိုင်ရာမှာ ၇ ကြိမ်က အသက် ၃၀ ပြည့်ပြီး မှသွင်းထားတာပါ။

Share

Loading Next Article...
က္က