ဆာလာက ဒုတိယမြောက်ကြေးအမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

ဘောလုံးသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CIES က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတန်ကြေးအကြီးမားဆုံး ကစားသမားစာရင်းမှာ ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီယန်ဘတ်ပီက ပေါင် (၂၂၄)သန်းနဲ့ ဈေးနှုန်းအမြင့်မားဆုံး ကစားသမားအဖြစ် ပါဝင်ခဲ့တယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။


ဘောလုံးသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CIES က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတန်ကြေးအကြီးမားဆုံး ကစားသမားစာရင်းမှာ ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီယန်ဘတ်ပီက ပေါင် (၂၂၄)သန်းနဲ့ ဈေးနှုန်းအမြင့်မားဆုံး ကစားသမားအဖြစ် ပါဝင်ခဲ့တယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ ထိပ်ဆုံးကစားသမား (၁၁)ယောက်ရဲ့ စုစုပေါင်းတန်ဖိုးဟာ ပေါင် (၁.၄၃)ဘီလီယံအထိ ရှိတယ်လို့လည်း သိရပါတယ်။

ဒုတိယတန်ကြေးအကြီးမားဆုံးကစားသမားအဖြစ် လီဗာပူးလ်တိုက်စစ်မှူးဆာလာက ပေါင် (၁၉၅)သန်းနဲ့ ပါဝင်ခဲ့ပြီး မန်စီးတီးတောင်ပံကစားသမား စတာလင်က ပေါင် (၁၈၄)သန်း၊ မက်ဆီက ပေါင် (၁၄၈.၇)သန်းနဲ့ အဆင့် (၄)နေရာမှာ ရှိနေခဲ့ပါတယ်။ CIES ဟာ ဒီစာရင်းကို ၂၀၁၃ ခုနှစ်ကနေ စတင်ဖော်ပြခဲ့တာဖြစ်ပြီး နှစ်စဉ်ထုတ်ပြန်ပေးလေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားတွေထဲက တန်ဖိုးအကြီးမားဆုံးကစားသမားအဖြစ်တော့ ဘာနာဒိုဆေးလ်ဗားက ရပ်တည်နိုင်ခဲ့ပြီး ပေါင် (၁၂၁)သန်းအထိ တန်ကြေးရှိတယ်လို့ သိရပါတယ်။ ကော်တင်ဟိုက ပေါင် (၁၁၄)သန်းနဲ့ ဒုတိယမြောက်တန်ဖိုးအကြိးမားဆုံးကွင်းလယ်လူဖြစ်ပြီး ပေါ့ဂ်ဘာက ပေါင် (၁၁၁)သန်းနဲ့ တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

နောက်ခံကစားသမားတွေထဲမှာတော့ လီဗာပူးလ်ညာနောက်ခံလူ အာနိုးလ်က ပေါင် (၁၁၅.၆)သန်းအထိ တန်ကြေးရှိကာ အမြင့်ဆုံးဖြစ်နေခဲ့ပြီး ဗန်ဒိုက်က ပေါင် (၉၉.၆)သန်းနဲ့ ဒုတိယနေရာ၊ မန်စီးတီးနောက်ခံလူ လာပေါ့တ်က ပေါင် (၉၃.၆)သန်းနဲ့ တတိယနေရာမှာ ရှိနေခဲ့ပါတယ်။ တန်ကြေးအမြင့်မားဆုံး ဂိုးသမားအဖြစ်လည်း လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်က ပေါင် (၉၅.၅)သန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

နာမည်ကျော်ကစားသမား ရော်နယ်ဒိုကတော့ ပေါင် (၁၀၄.၉)သန်းနဲ့ ကစားသမားစုစုပေါင်းရဲ့ အဆင့် (၂၀)နေရာမှာသာ ရှိနေခဲ့ပြီး ရော်နယ်ဒိုရဲ့ အထက်မှာ ဟာဇက်က ပေါင် (၁၀၇.၂)သန်းနဲ့ ရပ်တည်နေပါတယ်။ အံ့အားသင့်စရာအဖြစ်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပေါင် (၁၀၉.၇)သန်းနဲ့ ဟာဇက်၊ ရော်နယ်ဒိုတို့အထက်မှာ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။



က္က