လေဆိပ်မှာ ဗီဒီယိုဖိုင်တင်ခဲ့မိတာပါ။

တရုတ်ဆိုရှယ်မီဒီယာ Weiboက ဒီဗီဒီယိုအတွက် ပြန်တောင်းပန်ဖို့ ပြောလာချိန်မှာတော့ အလီက ဗီဒီယိုကို ချက်ခြင်း ပြန်ဖျက်ခဲ့ပြီး သူမှားသွားမှုအတွက် တောင်းပန်ခဲ့တာပါ။

Image result for alli

ကမ္ဘာတစ်ဝန်း လူ ၈၀၀ ကျော်ရဲ့ အသက်တွေကို ဝါးမြိုထားတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သပ်ပြီး စပါးအသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး ဒယ်လ်အလီကတော့ လူမှုကွန်ရက်ထက်ကနေ ကဲ့ရဲ့မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အခုအခါမှာတော့ သူ့လုပ်ရပ်က မှားသွားပြီဆိုတာ သိလိုက်ချိန်မှာ ပရိသတ်တွေကို ပြန်တောင်းပန်ခဲ့တယ်လို့ Goal.com သတင်းဌာနကဖော်ပြလာပါတယ်။

အလီကတော့ ဆောင်းရာသီ အားလပ်ရက်ရောက်နေတာကြောင့် ခရီးထွက်ဖို့ လေဆိပ်ကို ရောက်နေချိန်မှာ မျက်နှာကို Mask တပ်ပြီး ရှေ့က လေယာဥ်ပေါ်တပ်မယ့် အာရှသားတစ်ဦးကို ဗီဒီယိုထဲမှာပြကာ ဗိုင်းရပ် ငါ့ကို မကူးအောင် သူ့ထက်ပိုမြန်အောင်သွားရမယ်ဆိုပြီး ဗီဒီယိုပို့စ်တင်ထားခဲ့တာပါ။

Image result for alli

ဒီဗီဒီယိုဖိုင်ကိုတော့ တရုတ် ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Weibo က မြင်ခဲ့ပြီးနောက် တောင်းပန်ဖို့ ချက်ခြင်းပြောခဲ့တာကြောင့် အလီအနေနဲ့ ချက်ခြင်းဆိုသလို ပြန်ဖျက်ခဲ့တယ်လို့လည်း Goal.com ကဖော်ပြ ထားပါတယ်။

“ ရယ်စရာမဟုတ်ဖူးဆိုတာ သိလိုက်ရပါတယ်၊ချက်ခြင်းဆိုသလိုပဲ ကျွန်တော် ဒီဗီဒီယိုကို ပြန်ဖျက်ခဲ့ပါတယ်။ ဒီအတွက် စိတ်မကောင်းဖြစ်ရပါတယ်၊နောက်ပြီး ဗီဒီယိုအတွက် အားလုံးကို တောင်းပန်ပါတယ်။”လို့အလီက ပြန်လည် တောင်းပန်ခဲ့တာပါ။



ဒါ့အပြင် တရုတ်မှာရှိနေတဲ့ ချစ်ရသူအားလုံးနဲ့ ပရိသတ်တွေကိုလည်း အလီက ချစ်ခြင်းမေတ္တာနဲ့ ဆုတောင်းတွေ မျှဝေလိုက်တဲ့အကြောင်းလည်း ပြန်ခဲ့ပါသေးတယ်။

Image result for alli

CNN သတင်းဌာနရဲ့ ဖော်ပြချကအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာအဝန်းသေဆုံးသူ ၈၀၀ကျော်ရှိနေပြီ ဖြစ်ပြီး ၃၇၀၀၀ကျော် ဝေဒနာခံစားနေကြရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တရုတ်ကနေ နောက်ထပ် ကမ္ဘာ့နိူင်ငံပေါင်း ၂၈ နိုင်ငံကို ကူးစက်သွားခဲ့တာ ဖြစ်ပြီး ဒီရောဂါကပ်ဆိုးကြောင့် ကမ္ဘာ့‌ဘောလုံးရပ်ဝန်းကိုလည်း ထိခိုက်မှုတွေ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က