နောက်ပေါက်နဲ့ လှလှပပဖန်တီးပေးခဲ့တာပါ။
Pyae Phyo Thein

ဘန်ဇီမာဟာ ကမ္ဘာ့အဆင့်ဖန်တီးမှုလို့ ခေါ်ဆိုရမယ့် ဖန်တီးဟန်ကို ပြုလုပ်နိုင်ခဲ့ပြီးတော့ အသင်းဖော်ဟောင်း ဂူတီရဲ့ စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်ခံနေရပြီလည်းဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူးဘန်ဇီမာဟာ အက်စ်ပန်ညိုနဲ့ပွဲမှာ အသင်းရရှိခဲ့တဲ့တစ်လုံးတည်းသောအနိုင်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ကက်စ်မဲရိုးရဲ့ အနိုင်ဂိုးအတွက် ဘန်ဇီမာဟာ ကမ္ဘာ့အဆင့်ဖန်တီးမှုလို့ ခေါ်ဆိုရမယ့် ဖန်တီးဟန်ကို ပြုလုပ်နိုင်ခဲ့ပြီးတော့ အသင်းဖော်ဟောင်း ဂူတီရဲ့ စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်ခံနေရပြီလည်းဖြစ်ပါတယ်။

ဘန်ဇီမာဟာ နောက်ပေါက်နဲ့လှလှပပပေးပို့ခဲ့တာဖြစ်ပြီးတော့ တကယ်ကိုမယုံကြည်နိုင်လောက်စရာဖန်တီးမှုဖြစ်ခဲ့ပါတယ်။ အက်စ်ပန်ညိုဧရိယာထဲမှာ ပြိုင်ဘက်ကစားသမားက ထပ်ချပ်မကွာဖိအားပေးနေခဲ့ပြီးနောက် ဘန်ဇီမာက နောက်ကပြေးတက်လာခဲ့တဲ့ ကက်စ်မဲရိုးဆီကို နောက်ပေါက်နဲ့လှလှပပပေးပို့ခဲ့ပြီး ကက်စ်မဲရိုးကို လိုက်လံဟန့်တားနေတဲ့ အက်စ်ပန်ညိုကစားသမားလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။

တိကျသေသပ်ပြီးတော့ ကောင်းမွန်မှုရှိခဲ့ကာ ကက်စ်မဲရိုးက ဘယ်ခြေနဲ့ပိတ်သွင်းပြီး ရီးရဲလ်အတွက် အဖိုးတန်အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ဒီဖန်တီးပေးမှုဟာ ပြီးခဲ့တဲ့ ၁ဝနှစ်က ရီးရဲလ်နဲ့ ဒီပို့တီဗိုတို့ကစားခဲ့တဲ့ပွဲမှာ ဂူတီရဲ့ နောက်ပေါက်နဲ့ဖန်တီးပေးခဲ့တဲ့ ပုံစံနဲ့ ထပ်တူညီမှုနီးပါးရှိခဲ့တာလည်းဖြစ်ပါတယ်။ ထိုစဉ်ကတော့ ဂူတီရဲ့ဖန်တီးပေးမှုကို သွင်းယူခဲ့တာက ဘန်ဇီမာဖြစ်နေခဲ့တာက ထူးခြားမှုတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ 

လူမှုကွန်ရက်တွေပေါ်မှာတော့ ဘန်ဇီမာရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးနေခဲ့ကြပြီး ဗလန်စီယာနဲ့ပွဲမှာလည်း ရင်သပ်ရှူမောဖွယ်ရာသွင်းဂိုးကို ပြင်သစ်သားကြီးက ရယူပေးနိုင်ခဲ့ပါသေးတယ်။ ဒီပွဲကိုအနိုင်ရရှိခဲ့လို့လည်း ရီးရဲလ်မက်ဒရစ်ဟာ အမှတ်ပေးဇယားမှာ ဘာစီလိုနာကို ၂မှတ်ဖြတ်တောက်နိုင်ခဲ့ပြီဖြစ်ပြီး လာလီဂါအမှတ်ပေးဖလားအတွက် အခြေအနေကောင်းမွန်နေခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က