loading...

loading...

loading...

UNICEF ရဲ့စည်းရုံးလှုံ့ဆော်ရေးမှာ ပါဝင်ကူညီပေးခဲ့တာပါ။
Kg Htet

ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ကလေးငယ်တွေကို ကာကွယ်ဆေး ထောက်ပံ့ပေးနိုင်ဖို့အတွက် UNICEF ကို ရန်ပုံငွေရရှိအောင် ကူညီပေးခဲ့ပါတယ်။

ဆာဂျီယိုရာမို့စ်ဟာ ဧပြီလအစောပိုင်းကတည်းက ဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး ၂၀၀၇ ခုနှစ်ကတည်းက UNICEF အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ UNICEF စပိန်ကော်မတီရဲ့သံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ရာမို့်စ်ဟာ Champion for Africa နဲ့ Champion for Life စတဲ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။

ရာမို့စ်ဟာ လက်ရှိအချိန်မှာ ဂိတ်စ်ဖောင်ဒေးရှင်းက ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ UNICEF ရဲ့ လှုံ့ဆော်ရေးအစီအစဉ်မှာ ပါဝင်ကူညီပေးနေတာဖြစ်ပြီး လွဲမှားတဲ့ သတင်းအချက်အလက်တွေကြောင့် ကလေးငယ်တွေကို ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်နေတဲ့ မိဘတွေကို ကာကွယ်ဆေးထိုးကြဖို့ စည်းရုံးနေတာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ UNICEF ရဲ့စည်းရုံးလှုံ့ဆော်ရေးကို သွားရောက်ပူးပေါင်းခဲ့ကြောင်းကို အင်စတာဂရမ်မှာ ဓာတ်ပုံတစ်ပုံတင်ခဲ့ပြီး ယင်းဓာတ်ပုံကြောင့် ကလေးငယ်တွေကို ကာကွယ်ဆေးထိုးဖို့အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ သန်းအထိ ရရှိခဲ့ပါတယ်။

“ကာကွယ်ဆေးထိုးနှံခြင်းကြောင့် နှစ်စဉ် ကလေးငယ် ၂ သန်းနဲ့ ၃ သန်းကြားကို အသက်ကယ်နိုင်ခဲ့ပါတယ်။ ဒီဓာတ်ပုံက ရရှိတဲ့ Like ၁ ခုစီအတွက် ဂိတ်စ်ဖောင်ဒေးရှင်းက UNICEF ရဲ့စီမံကိန်းကို ၁ ဒေါ်လာ လှူဒါန်းသွားမှာဖြစ်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။ ရာမို့စ်ရဲ့ဓာတ်ပုံကို Like ပေးသူ ၁.၅ သန်းနီးပါးရှိနေပြီဖြစ်ပြီး ဒေါ်လာ ၁.၅ သန်းဟာ ဝက်သက်ကာကွယ်ဆေး ၁၄ သန်းကို ဝယ်ယူနိုင်တဲ့ပမာဏဖြစ်တယ်လို့ သိရပါတယ်။


loading...

က္က