နိုင်ငံပေါင်း ၄၀ ကို သွင်းဂိုး ၉၃ ဂိုးထိသွင်းယူထားနိုင်ပါပြီ။

လစ်သူယေးနီးယားကို တစ်ဦးတည်း ၄ ဂိုးသွင်းပေးနိုင်ခဲ့တာကြောင့် ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ဟက်ထရစ် ၈ ကြိမ်အထိ သွင်းယူပေးထားနိုင်ပါပြီ။

လစ်သူယေးနီးယားအသင်းဖက်ကို တစ်ဦးတည်း ၄ ဂိုးထိသွင်းယူနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်နယ်ဒိုကို ပေါ်တူဂီ နည်းပြ ဖာနန်ဒိုဆန်းတို့စ်က ခြွင်းချက်မရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ တင်စားပြောဆိုခဲ့တယ်လို့ Goal.comက ဖော်ပြလာပါတယ်။



လစ်သူယေးနီးယားအသင်းဖက်ကို သွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ်သွင်းဂိုးကြောင့်လည်း ရော်နယ်ဒိုဟာ ကစား သမားဘ၀ နိုင်ငံအတွက် ဟက်ထရစ် ၈ ကြိမ်တိတိသွင်းယူပေးထားနိုင်ပြီ ဖြစ်ပါတယ်။



ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၅ ကြိမ်တိတိ ရယူထားနိုင်တဲ့ ရော်နယ်ဒိုကို မကြာခဏဆိုသလို ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနဲ့ ခိုင်းနှိုင်းမှုတွေ ရှိနေပေမယ့်လည်း ပေါ်တူဂီ နည်းပြ ဆန်းတို့စ်ကတော့ - “ကမ္ဘာပေါ်မှာ ရော်နယ်ဒိုကသာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုတာ ဘယ်လိုမှ ငြင်းစရာမရှိပဲ အရှင်းလင်းဆုံးပါ။ကမ္ဘာပေါ်မှာ ရော်နယ်ဒိုကို ကောင်းချီးမပေးတဲ့ ဘောလုံးကွင်းတွေ မရှိပါဘူး။” လို့ဆန်းတို့စ် ကပြောခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိမှာ နိုင်ငံအတွက် ၉၃ ဂိုးအထိသွင်းယူပေးထားနိုင်ပြီ ဖြစ်ပြီး ၁၀၉ ဂိုးသွင်းယူထားနိုင် ပြီး လက်ရှိ နိုင်ငံအတွက် ဂိုးအများဆုံးသွင်းပေးထားနိုင်တဲ့ ကစားသမားအီရန်တိုက်စစ်မှူး အလီဒါအီရဲ့ စံချိန်ကို လိုက်မီဖို့ နီးကပ်လာခဲ့ပါပြီ။

လာမယ့် အောက်တိုဘာလထဲမှာတော့ ပေါ်တူဂီအသင်းဟာ လူဇင်ဘတ်ကို အိမ်ကွင်းဧည့်ခံပြီး ယူကရိန်းကို အဝေးကွင်းလိုက်ပါကစားရပါဦးမယ်။

Share

Loading Next Article...
က္က