ဖီဖာတစ်နှစ်တာဆုကို လွဲချော်ခဲ့ပြီးနောက် ပြောခဲ့တာပါ။
Kyaw Ko Ko Sint

မက်ဆီ ချန်ပီယံဆုရခဲ့လို့စိတ်ပျက်စရာမရှိသလို ကျွန်တော်ကလည်း သူနဲ့နှိုင်းဖို့ မဖြစ်နိုင်ပါဘူးလို့ ဗန်ဒိုက်က သတင်းထောက်ကိုပြောခဲ့တာပါ။

မက်ဆီနဲ့ နှိုင်းယှဉ်လို့မဖြစ်နိုင်ဘူးလို့ လီဗာပူး နောက်ခံလူ ဗန်ဒိုက်က မနေ့က ကျင်းပခဲ့တဲ့ ဖီဖာဆုပေးပွဲအခမ်း အနားမှာ ပြောခဲ့တယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။



ဖီဖာအကောင်းဆုံးဆုကို မက်ဆီက ရရှိခဲ့ပြီး ဗန်ဒိုက်က ဒုတိယနဲ့ ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုက တတိယ ရရှိခဲ့ပါတယ်။



ဗန်ဒိုက်ကပြောရာမှာတော့ - “ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ တစ်ရာသီလုံး ၅၁ ဂိုးထိသွင်းယူခဲ့တဲ့ မက်ဆီနဲ့ ကျွန်တော်က ဘယ်လိုလုပ်နှိုင်းလို့ရမှာလဲ?မဲပေးတဲ့သူတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံရပါမယ်။ ဒီဖြစ်ရပ်ကတော့ ကိစ္စတစ်ခုအနေနဲ့ ရှိပြီး ပြောချင်တာကတော့ ကစားသမားအနေနဲ့ ကျွန်တော်နဲ့ မက်ဆီကို မနှိုင်းကြပါနဲ့ ဒါက အင်မတန် ကွာခြားတဲ့ ဖြစ်တည်မှု နှစ်ခုဖြစ်နေလို့ပါ။” လို့ ဗန်ဒိုက်က သတင်းထောက်ကို ပြောခဲ့တာပါ။

အခုအခမ်းအနားတက်ရောက်ရတဲ့အတွက် အင်မတန်ဂုဏ်ယူကြောင်းကိုလည်း ဗန်ဒိုက်က ပြောခဲ့ပါသေးတယ်။

ဗန်ဒိုက်ကတော့ မနှစ်က လီဗာပူးကို ချန်ပီယံလိဂ်ဆုဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ ဥရောပ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲမှာလည်း အကောင်းဆုံးဆုကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

ဗန်ဒိုက်အနေနဲ့ ဖီဖာ တစ်နှစ်တာအကောင်းဆုံးအသင်းမှာပါဝင်လာခဲ့ပြီး အခုလို အကောင်းဆုံးဆုနဲ့လွဲခဲ့လို့ တေ့ စိတ်မပျက်ဘူးလို့လည်း ဆိုခဲ့ပါတယ်။


Author


က္က