စာချုပ်သက်တမ်းကိုတော့မဖော်ပြသေးပါဘူး။

သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်းပဲ နည်းပြဟောင်းစပယ်လက်တီကို ထုတ်ပယ်ပြီး တစ်ရက်အကြာမှာပဲ ကွန်တီက အင်တာနည်းပြသစ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။


ချယ်လ်ဆီးနည်းပြဟောင်းကွန်တီဟာ အင်တာမီလန်အသင်းရဲ့ နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်သွားခဲ့ပြီဖြစ်ပါတယ်။ အင်တာမီလန်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်းပဲ နည်းပြဟောင်းစပယ်လက်တီကို ထုတ်ပယ်ပြီး တစ်ရက်အကြာမှာပဲ ကွန်တီက အင်တာနည်းပြသစ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။



ချယ်လ်ဆီးအသင်းကို အက်ဖ်အေဖလားရယူပေးခဲ့ပြီးနောက် နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ကွန်တီဟာ နည်းပြလောကနဲ့ တစ်နှစ်ကြာဝေးကွာနေခဲ့သူ ဖြစ်ပါတယ်။ စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်ကို အောင်မြင်မှုတွေရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပြီးနောက် ချယ်လ်ဆီးကို

(၂)နှစ်ကြာကိုင်တွယ်ခဲ့ကာ အခုအခါမှာတော့ အီတလီမြေမှာ ကွန်တီကို ပြန်လည်မြင်တွေ့ရတော့မှာ ဖြစ်ပြီး (၃)နှစ်စာချုပ်ချုပ်ဆိုဖွယ် ရှိနေပါတယ်။

"ကွန်တီက ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးဆိုတာ သေချာပါတယ်၊ သူက ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေကို ပြည့်ဝအောင်ကူညီနိုင်မှာဖြစ်ပြီး အသင်းကို အောင်မြင်မှုတွေ ရရှိအောင်လည်း ယူဆောင်ပေးနိုင်မယ်ဆိုတာ သေချာပါတယ်၊ ဒီအသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းပြန်ဖြစ်လာအောင် သူ စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်" လို့ အင်တာမီလန်အသင်းဥက္ကဌ စတီဗင်ဇန်က အသင်းရဲ့ ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။

ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက်မှာ အင်တာမီလန်အသင်းဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့အတွက် စတင်အားထုတ်တော့မှာ ဖြစ်ပါတယ်။ ကွန်တီက ချယ်လ်ဆီးနည်းပြအဖြစ် တာဝန်ယူခဲ့စဉ်ကတည်းက လူကာကူကို အလိုရှိနေခဲ့တာဖြစ်ပြီး ယူနိုက်တက်နဲ့အပြိုင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ မိုရာတာကိုသာ အစားထိုးခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

လူကာကူကလည်း ယူနိုက်တက်ကနေ ထွက်ခွာဖို့အတွက် ပြင်ဆင်နေပြီး အင်တာမီလန်နဲ့ ကြိုတင်သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ကလပ်အသင်းနှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးညှိနှိုင်းမှုတွေ ပြုလုပ်ရမှာဖြစ်ပြီး ယူနိုက်တက်က လူကာကူအတွက် ပေါင်သန်း (၈၀)အထိ အလိုရှိနေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က