အမေရိကန်ဒေါ်လာ ၅သိန်းကနေ ရသိန်းကြား ရရှိဖို့ရှိနေခဲ့တာပါ။
Win Kyaw Min

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ဘောလုံးအဖွဲ့ချုပ်တွေအတွ က် ထောက်ပံငွေပေးအပ်ဖို့ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

အီရန်နိုင်ငံအနေနဲ့ ဘောလုံးအားကစားလောကဖွံဖြိုးရေးအတွက် ဖီဖာဆီကနေ ရံပုံငွေတစ်ရပ်လက်ခံရရှိဖို့ရှိနေ ပေမယ့် ပိတ်ဆို့တားဆီးမှုများ၊ ပိတ်သိမ်းခံထားရတဲ့ ဘဏ်လုပ်ငန်းများကြောင့် ထောက်ပံ့ငွေလက်ခံဖို့အခက်အ ခဲများစွာရှိနေခဲ့တယ်လို့ တီဟီရန်မြို့ဒေသခံမီဒီယာတွေရဲ့ဖော်ပြမှုကို Xinhau ရဲ့ကိုးကားဖော်ပြချက်အရသိရပါ တယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံအနေနဲ့ အာရှတိုက်ရဲ့ဘောလုံးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြ စ်ပြီး ဖီဖာရဲ့ထောက်ပံ့ရေးရံပုံငွေကို လက်ခံရမှာဖြစ်ပေမယ့် နိုင်ငံရေးအရ အမေရိကန်နဲ့ဥရောပနိုင်ငံအများစုရဲ့ စီးပွားရေးပိတ်ဆို့ထားမှုများကြောင့် အခုလိုအခက်အခဲအချို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။



“ ဖီဖာအနေနဲ့ အီရန်ဘောလုံးအဖွဲ့ချုပ်ကိုထောက်ပံ့ဖို့အတွက် အခက်အခဲအချို့ရှိနေပါတယ်။ စိတ်ချရတဲ့ဘဏ် လုပ်ငန်းလည်းမရှိသလို မယုံကြည်ရတဲ့အခြေအနေမှာရှိနေပါတယ်။ အဓိက,ကတော့နိုင်ငံရေးအရပိတ်ဆို့မှု တွေကြောင့် ထောက်ပ့ံငွေလက်ခံဖို့ အခက်အခဲတွေရှိနေခဲ့တာပါ ” လို့ အီရန်ဘောလုံးအဖွဲ့ချုပ်အမှုဆောင်တစ် ဦးဖြစ်သူ အလီဆိုလီမာနီက အတည်ပြုပြောဆိုလိုက်တာပါ။

အီရန်နိုင်ငံအနေနဲ့ ဘောလုံးအားကစားတွင် အထိုက်အလျောက်အစဉ်အလာကြီးမားခဲ့ပေမယ့် နိုင်ငံရေးအရ နျူ ကလီယားလက်နက်စမ်းသပ်မှုများကြောင့် အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံများ၊ ဥရောပသမဂ္ဂတို့ရဲ့စီး ပွားရေးပိတ်ဆို့မှုများကို ခံထားရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

သတင်းဖော်ပြမှုတွေအရ အထက်ဖော်ပြပါထောက်ပံ့ငွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)လက်အောက်ရှိအဖွဲ့ဝ င် ၂၁၁ နိုင်ငံလုံးရရှိမှာဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ၁၅၀ ဝန်းကျင်ရှိတဲ့ ရံပုံငွေတစ်ရပ်ကို အချိုးကျခွဲဝေပေး မှာဖြစ်ပြီး ဧပြီ ၂၄ရက်နေ့ကတည်းက စတင်လုပ်ဆောင်မှုတွေပြုလုပ်နေပြီဖြစ်တယ်လို့လည်း FIFA ရဲ့အတည် ပြု သတင်းဖော်ပြချက်တွေအရ သိရပါတယ်။


က္က