အင်မတန် လေးစားအတုယူဖွယ်ကောင်းပါတယ်။

စီးရီးအေမှာ အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ခြင်း ခံရသူတွေသာ ဝတ်ဆင်ခွင့်ရတဲ့ သင်္ကေတကို ဝတ်ဆင်ဖို့ ငြင်းဆန်ခဲ့တာပါ။

ဂျူဗင်တပ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကတော့ အသင်းက ပေးဝတ်တာတောင် ကစားဖော်တွေကို မလေးစားရာကျမှာစိုးလို့ အကောင်းဆုံး ကစားသမားသာ ဝတ်ဆင်ခွင့်ရတဲ့ သင်္ကေတကို ဂျာစီမှာ ဝတ်ဆင်ဖို့ ငြင်းဆန်ထားခဲ့တယ်လို့ The Sun သတင်းဌာနက ဖော်ပြလာပါတယ်။



အီတလီစီးရီးအေမှာ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတွေကို ရရှိထားသူတွေအနေနဲ့ အများနဲ့မတူပဲ ဂျာစီမှာ ရွှေရောင် သင်္ကေတ တစ်ခုကို ချုပ်လုပ်ဝတ်ဆင်ခွင့်ရှိပေမယ့် ရော်နယ်ဒိုကတော့ ငြင်းဆန်ခဲ့တာလို့သိရ ပါတယ်။

ရော်နယ်ဒိုအနေနဲ့ မနှစ်က ဂျူဗင်တပ်အသင်းနဲ့အတူ မနှစ်က စီးရီးအေ ချန်ပီယံဖြစ်စဉ် စီးရီးအေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါသိမ်းပိုက်နိုင်ခဲ့သူပါ။

ဒါကြောင့် စီးရီးအေက ရော်နယ်ဒိုကို အကောင်းဆုံးကစားသမားလို့ သတ်မှတ်တဲ့ ရင်ဘတ်လိုဂိုတံဆိပ်ကပ်ခွင့် ပြုခဲ့ပေမယ့် ရော်နယ်ဒိုကတော့အခြား ကစားဖော်တွေနဲ့ တစ်တန်းတည်းသာ နေချင်တဲ့အတွက် ချုပ်လုပ်မဝတ်ဆင်ခဲ့ပါဘူး။



ဒါပေမယ့်လည်း အခြားသော ကစားသမားတွေဖြစ်တဲ့ ရိုးမားအသင်းက တစ်နှစ်တာ လူငယ်အကောင်းဆုံး ကစားသမားဆုရရှိခဲ့တဲ့ နီကိုဇာနီအိုလိုနဲ့အင်တာမီလန်ဂိုးသမား ဟန်ဒါနိုဗစ်တို့ကတော့ အဆိုပါ တံဆိပ်ကို ဝတ်ဆင်ခဲ့ကြပါတယ်။

နာပိုလီအသင်းရဲ့ စီးရီးအေ တစ်နှစ်တာ အကောင်းဆုံး နောက်ခံလူဆုရရှိခဲ့တဲ့ ကောင်လီဘလီလည်း အဆိုပါ သင်္ကေတကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

လာဇီယိုကွင်းလယ်လူ မီလန်ကိုဗစ်နဲ့ဆမ်ဒိုးရီးယား တိုက်စစ်မှူး ကွာဂလီယာရီတို့ကလည်း အကောင်းဆုံး ဆု သင်္ကေတတွေကို အသီးသီးဝတ်ဆင်ကစားနေပါတယ်။

ရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ ဥရောပ တစ်နှစ်တာအကောင်းဆုံးဆုပေးအပ်ပွဲအခမ်းအနားမှာ အဓိက ပြိုင်ဖက်လို့ တစ်ကမ္ဘလုံးက သတ်မှတ်ထားတဲ့ မက်ဆီကို ညစာအတူစားဖို့ ဖိတ်ခေါ်ထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က