ကိုပါလီဘာတေးဒိုးစ်အုပ်စုပါဲစဉ်ကို ပါရာဂွေးမှာ ကစားသွားရမှာပါ။
Pyae Phyo Thein

ပြီးခဲ့တဲ့ ၁၀ ရက်မှာ ပထမတစ်ကြိမ်စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့မှာ နောက်ဆုံးအကြိမ်ထပ်မံဆေးစစ်မှုတွေပြုလုပ်ခဲ့ရာမှာ အသင်းရဲ့ ၅၀%အထိ ရောဂါဆက်လက်ကူးစက်ခံနေရဆဲဖြစ်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။


ကိုပါလီဘာတေးဒိုးစ်ဖလားပြိုင်ပွဲအဖြစ် ပါရာဂွေးကလပ်နဲ့ ကစားရမယ့် အာဂျင်တီးနားကလပ်ဘိုကာဂျူနီယာအသင်းဟာ ကစားသမား ၂၂ဦးအထိ ကိုဗစ်ရောဂါဖြစ်ပွားနေပေမယ့်လည်း ပွဲကစားဖို့ ခွင့်ပြုချက်ရရှိခဲ့လို့ အဆိုပါပွဲစဉ်ကို ကစားဖို့ရှိနေတယ်လို့ သိရပါတယ်။ အသင်းရဲ့ ပထမကစားသမား ၂၂ ဦးအထိ ဗိုင်းရပ်စ်ကူးစက်နေတာလည်းဖြစ်ဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၁၀ ရက်မှာ ပထမတစ်ကြိမ်စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့မှာ နောက်ဆုံးအကြိမ်ထပ်မံဆေးစစ်မှုတွေပြုလုပ်ခဲ့ရာမှာ အသင်းရဲ့ ၅၀%အထိ ရောဂါဆက်လက်ကူးစက်ခံနေရဆဲဖြစ်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့်လည်း တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် နဲ့ ပါရာဂွေးကျန်းမာရေးဝန်ကြီးဌာနတို့က ပွဲကစားဖို့ မီးစိမ်းပြခဲ့ပြီး ဘိုကာဂျူနီယာအနေနဲ့ မနေ့ညက ပါရာဂွေးကို ရောက်ရှိနေခဲ့ပြီလို့ သိရပါတယ်။ 

ဒါဟာ ကွင်းအတွင်းမှာ ဗိုင်းရပ်စ်ကူးစက်နေတဲ့ ကစားသမားတွေနဲ့ ပါရာဂွေးကလပ်လီဘာတက်ဒ်အသင်းက ရင်ဆိုင်သွားရမှာဖြစ်လို့ ဒီဆုံးဖြတ်ချက်အပေါ်မှ လီဘာတက်ဒ်အသင်းက တော်တော်လေးဒေါသထွက်နေတယ်လို့လည်း သိရပါတယ်။ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကတော့ ဗိုင်းရပ်စ်ကူးစက်ခံနေရတာမှန်ပေမယ့်လည်း အခြားသူတွေကို ကူးစက်နိုင်တဲ့အခြေအနေမှာမရှိဘူးလို့ ရှင်းပြခဲ့ပါတယ်။ 

ဘိုကာဂျူနီယာကစားသမားတွေအနေနဲ့ အခြားဘယ်လိုရောဂါလက္ခဏာမှမပြသဘူးလို့လည်း သိရပြီး တစ်ဦးချင်းသီးသန့်ဆီနေထိုင်ခဲ့ကြကာ ကစားနိုင်မယ့်အနေအထားမှာရှိနေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း အခန့်မသင့်ပါက ပါရာဂွေးပြည်သူလူထုအထိပါ ပြန့်ပွားသွားနိုင်မယ့်အပေါ်ကို စိုးရိမ်မှုတွေရှိနေလို့ ကန့်ကွက်မှုတွေလည်း အများကြီးရှိနေခဲ့ပါတယ်။ 

ကိုပါလီဘာတေးဒိုးစ်ဖလားပြိုင်ပွဲကို အုပ်စုအဆင့် ဒုတိယပွဲတွေကန်အပြီးမှာ ရပ်နားခဲ့ရတာဖြစ်ပြီးတော့ မတ်လအတွင်းကဖြစ်ပါတယ်။ အခုအခါ ပြန်လည်ကစားဖို့အတွက် စီစဉ်နေခဲ့တာဖြစ်ပြီး ဘိုကာဂျူနီယာက ၂ပွဲကစားအပြီးမှာ ၄ မှတ်ရရှိထားပြီး လီဘာတက်ဒ်ကတော့ ၆ မှတ်အထိ ရရှိထားခဲ့ပါတယ်။ ပါရာဂွေးမှာတော့ ကူးစက်သူ နှစ်သောင်းရှစ်ထောင်ကျော်ရှိကာ ၅၃၉ ဦး သေဆုံးခဲ့ပြီး အာဂျင်တီးနားမှာတော့ ကူးစက်သူ ငါးသိန်းခြောက်သောင်းကျော်ခဲ့ပြီး သေဆုံးသူ တစ်သောင်းတစ်ထောင်ကျော်ရှိခဲ့ပါတယ်။ 


Author


က္က