ရီးရဲလ်ကြယ်ပွင့်ဖြစ်ချင်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ရော်နယ်ဒို ထွက်ခွာသွားခဲ့ပြီးနောက်မှာ အကောင်းဆုံးပြန်လည်အစားထိုးဖြည့်တင်းမှုအဖြစ် ဟာဇက်က ဖြစ်လာမလားဆိုတာကိုလည်း ပရိသတ်တွေက မျှော်လင့်တကြီးစောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းကို အပြီးသတ်ပြောင်းရွှေ့ရောက်ရှိခဲ့ပြီဖြစ်တဲ့ ဟာဇက်က ရီးရဲလ်မက်ဒရစ်ရဲ့ ဂလက်တီကိုကြယ်စင်စုတွေထဲက တစ်ဦးဖြစ်ချင်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဟာဇက်က သူ့အသက်အရွယ်ဟာ ကစားသမားဘဝအကောင်းဆုံးအခိုက်အတန့်မှာပဲ ရှိနေသေးတယ်လို့လည်း ပြောဆိုသွားခဲ့ကြောင်း Sports.ndtv က ဖော်ပြသွားခဲ့ပါတယ်။

ဟာဇက်ဟာ သောကြာနေ့က အသင်းနဲ့အတူ ဆေးစစ်မှုတွေပြုလုပ်ခဲ့ပြီး ကြိုဆိုမိတ်ဆက်ပွဲကို ကျင်းပခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဟာဇက်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟာဇက်က ပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်ကို ပေါင် (၈၈)သန်းအပြင် အပိုဆုကြေးငွေခံစားခွင့်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်က ဂလက်တီကိုကြယ်စင်တစ်ခုတော့ မဟုတ်သေးပါဘူး၊ ဒါပေမယ့် ကျွန်တော် တစ်နေ့မှာ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်၊ ကျွန်တော့်ရဲ့ အတိတ်ကစားသမားဘဝက ပြီးဆုံးသွားခဲ့ပါပြီ၊ အခု ကျွန်တော် အားလုံးကို သုညကနေ ပြန်စရတော့မှာပါ၊ ကျွန်တော်က ဂလက်တီကိုမဟုတ်ပါဘူး၊ ကျွန်တော်က ဟာဇက်ပါ၊ အရမ်းကောင်းတဲ့ ကစားသမားပါ" လို့ ဟာဇက်က ပြောခဲ့ပါတယ်။

ချယ်လ်ဆီးကနေ ထွက်ခွာခဲ့ချိန်က သူ့အတွက် နောက်ကျခဲ့သလားဆိုတဲ့ မေးခွန်းကိုလည်း ဟာဇက်က "အရမ်းကြီးနောက်မကျသေးဘူးလို့ ထင်ပါတယ်၊ ကျွန်တော့်အသက်က အခုမှ (၂၈)ပွဲ ရှိသေးတာပါ၊ ကစားသမားတစ်ယောက်အတွက် အကောင်းဆုံးအခိုက်အတန့်ပါပဲ၊ ကမ္ဘာ့အကောင်းဆုံးအသင်းကို အချိန်ကိုက်ပြောင်းရွှေ့နိုင်ခဲ့တယ်လို့ ကျွန်တော်ခံစားမိပါတယ်" လို့ ဖြေဆိုခဲ့ပါတယ်။

ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်တိုက်စစ်ပိုင်းမှာ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူးလူကာဂျိုဗစ်၊ ဘန်ဇီမာတို့နဲ့အတူ တွဲဖက်ကစားရဖွယ် ရှိနေပါတယ်။ ရော်နယ်ဒို ထွက်ခွာသွားခဲ့ပြီးနောက်မှာ အကောင်းဆုံးပြန်လည်အစားထိုးဖြည့်တင်းမှုအဖြစ် ဟာဇက်က ဖြစ်လာမလားဆိုတာကိုလည်း ပရိသတ်တွေက မျှော်လင့်တကြီးစောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။



က္က