တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာပါ။

(၁၈)နှစ်ကြာ ကျင်လည်ခဲ့တဲ့ ကစားသမားဘဝကို အဆုံးသတ်သွားခဲ့ပြီး ဂျေလိဂ်ဟာ တောရက်စ်ရဲ့ ကစားသမားဘဝမှာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ဖြစ်ခဲ့ပါတယ်။


အက်သလက်တီကို၊ လီဗာပူးလ် နဲ့ ချယ်လ်ဆီးကစားသမားဟောင်းဖြစ်တဲ့ ဖာနန်ဒိုတောရက်စ်ဟာ ဘောလုံးကစားသမားဘဝကနေ အနားယူသွားခဲ့ပြီလို့ သိရပါတယ်။ တောရက်စ်က သူ့ရဲ့ တွစ်တာကတဆင့် ကြေညာသွားခဲ့တာဖြစ်ပြီး (၁၈)နှစ်ကြာ ကျင်လည်ခဲ့တဲ့ ကစားသမားဘဝကို အဆုံးသတ်သွားခဲ့ပြီး ဂျေလိဂ်ဟာ တောရက်စ်ရဲ့ ကစားသမားဘဝမှာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ဖြစ်ခဲ့ပါတယ်။



အသက် (၃၅)နှစ်အရွယ် တိုက်စစ်မှူးက လာမယ့် ဇွန်လ (၂၃)ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမှာဖြစ်ပြီး သူ အနားယူခဲ့ရတဲ့အပေါ်မှာ ရှင်းလင်းပြောဆိုသွားမယ်လို့လည်း သိရပါတယ်။ ကစားသမားဘဝမှာ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့မှုအပါအဝင် အောင်မြင်မှုအများအပြားရရှိခဲ့တဲ့ တောရက်စ်ဟာ လီဗာပူးလ်အသင်းမှာ အကျော်ကြားဆုံးဖြစ်ခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၂၀၁၁-၁၂ ဘောလုံးရာသီမှာ ဆွတ်ခူးနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလားကို ချယ်လ်ဆီးနဲ့တစ်ကြိမ်၊ အက်သလက်တီကိုမက်ဒရစ်နဲ့ တစ်ကြိမ် ရရှိခဲ့ပါတယ်။ ကစားသမားဘဝမှာ တောရက်စ်က ပွဲပေါင်း (၇၀၀)ကျော် ကစားခဲ့ပြီး (၂၅၂)ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ (၇၃)ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီမှာ တောရက်စ်က ဂျေလိဂ်ကလပ် ဆာဂန်တိုဆုအသင်းကို ပြောင်းရွှေ့ခဲ့ပြီး (၃၂)ပွဲအထိ ကစားပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သွင်းဂိုး (၄)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ပြီး ခြေစွမ်းပိုင်းကျဆင်းနေခဲ့ပြီးနောက် တောရက်စ်က သူအနားယူခဲ့ပြီလို့ ရုတ်တရက်ကြေညာသွားခဲ့တာဖြစ်ပါတယ်။

"အရမ်းအရေးကြီးတဲ့ ကြေညာမှုတစ်ခု ပြုလုပ်ဖို့ ရှိပါတယ်၊ ၁၈နှစ်ကြာ စိတ်လှုပ်ရှားစရာကစားသမားဘဝကို ဖြတ်သန်းခဲ့အပြီးမှာ ကျွန်တော့်ရဲ့ ကစားသမားဘဝကို အဆုံးသတ်ပါတော့မယ်၊ လာမယ့် တနင်္ဂနွေနေ့၊ ဂျပန်စံတော်ချိန် မနက် ၁၀နာရီမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားပြီး အသေးစိတ်ကို ရှင်းပြသွားပါမယ်" လို့ တောရက်စ်က သူ့ရဲ့ တွစ်တာကတဆင့် ပြောဆိုသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က