ရာသီသစ်အတွက် ပြင်ဆင်နေတဲ့ ကစားသမားတွေထဲက ဖြစ်ပါတယ်။
Pyae Phyo Thein

ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဆက်လက်ကစားနေရတဲ့ ဘာစီလိုနာအသင်းဟာ ပြိုင်ပွဲအတွက် မရွေးချယ်ခဲ့တဲ့ ကစားသမားတွေကို ရာသီသစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။ 


ရာသီကြိုပြင်ဆင်မှုတွေအတွက် ပြုလုပ်နေတဲ့ ဘာစီလိုနာအသင်းကြီးရဲ့ကစားသမား ၉ ဦးထဲက တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဆက်လက်ကစားနေရတဲ့ ဘာစီလိုနာအသင်းဟာ ပြိုင်ပွဲအတွက် မရွေးချယ်ခဲ့တဲ့ ကစားသမားတွေကို ရာသီသစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။ 

ဘာစီလိုနာဟာ ဘို်င်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကိုကစားရဖို့ရှိနေတာဖြစ်ပါတယ်။ ရာသီသစ်အတွက် အခြားတစ်ဖက်မှာ ပြင်ဆင်မှုတွေပြုလုပ်နေပြီး အသစ်ခါ်ယူထားခဲ့တဲ့ မာသီးယပ်စ်ဖာနန်ဒက်စ်၊ တိုဒီဘို၊ ဝက်ဂ်ူ၊ အယ်လီနာ၊ ရာဖင်ဟာ၊ မီရန်ဒါ၊ အိုရိုဝယ်ဘက်ကွက်စ်တို့ ပါဝင်နေတယ်လို့ သိရပါတယ်။

ဘယ်ကစားသမား ကူးစက်ခံထားရတယ်ဆိုတာကို ဘာစီလိုနာအသင်းက ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ကစားသမားဟာ လက္ခဏာပြသခြင်းမရှိဘဲ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာ တစ်ဦးတည်းသီးသန့်နေထိုင်နေစေပြီး အခြားသော ကစားသမားတွေနဲ့ ထိတွေ့မှုမရှိခဲ့ဘူးလို့လည်း ရေးသားထုတ်ပြန်ခဲ့့ပါတယ်။

ဒါကြောင့် ဘိုင်ယန်မြူးနစ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို ဘယ်လိုအကျိုးသက်ရောက်မှုမျိုးမှ မရှိဘူးလို့လည်း သိရပါတယ်။ လက်ရှိမှာ ဘာစီလိုနာအသင်းသားတွေအနေနဲ့ လစ္စဘွန်းကို ရောက်ရှိနေပြီဖြစ်ပြီး ကြာသပတေးနေ့မှာ ဘိုင်ယန်မြူးနစ်နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ အဆိုပါကစားသမားတွေအနေနဲ့လည်း ရောဂါပိုးစစ်ဆေးမှုတွေပြုလုပ်ထားပြီး ကင်းစင်တယ်လို့ သိရပါတယ်။ 


Author


က္က