ကိုဆိုဗို ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဒီရီတာအသင်းရဲ့ ကစားသမားတစ်ဦးမှာရောဂါပိုးတွေ့ခဲ့တာပါ။
Kyaw Ko Ko Sint

တစ်သင်းလုံးကို ကွာရန်တင်း ဝင်နေစေပြီလို့ ယူအီးအက်ဖ်အေက သတင်းထုတ်ပြန်ထားပါတယ်။

လင်ဖီးလ်နဲ့ကေအက်ဖ်ဒီရီတာအသင်းတို့ကစားမယ့် ချန်ပီယံလိဂ် ခြေစစ်ပွဲစဥ်ကို ကိုဗစ်ရောဂါပိုး တွေ့ရှိမှုကြောင့် ရွှေ့ဆိုင်းလိုက်ပြီလို့ Daily Mail က သတင်းဖော်ပြလာပါတယ်။

ကိုဆိုဗို ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဒီရီတာအသင်းရဲ့ ကစားသမားတစ်ဦးမှာရောဂါပိုးတွေ့ခဲ့တာကြောင့် အခု ဆိုရင် အဆိုပါ ကလပ်အသင်းသားအားလုံး ကွာရန်တင်းဝင်နေကြပြီလို့လည်း သိရပါတယ်။

အဆိုပါ ချန်ပီယံလိဂ် ပဏာမအဆင့် ခြေစစ်ပွဲစဥ်ကို မနက်ဖြန် ၆နာရီမှာ ဆွစ်ဇာလန်နိုင်ငံမှာ ကစားတော့မှာ ဖြစ် ပေမယ့် အခုလို ပိုးတွေ့ရှိမှုကြောင့် ဆွစ်ဇာလန်နိုင်ငံ ကျန်းမာရေး အာဏာပိုင်တွေက ဖျက်သိမ်းခဲ့တာပါ။

ယူအီးအက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာတော့ - “ ဒီရီတာအသင်းရဲ့ ဒုတိယမြောက် ပိုးတွေ့လူနာဖြစ်ပါတယ်။အခြား ကစားသမားတွေနဲ့ ထိစပ်ထားတာကြောင့် တစ်သင်းလုံးကို ကွာရန်တင်းဝင်စေဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ဒါ ကြောင့် မူလ စီစဥ်ထားတဲ့ ပွဲစဥ်တွေကို ကစားလို့ မရတော့ပါဘူး။”လို့ ပါရှိပါတယ်။

အခုလို ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တဲ့ ဒီရီတာအသင်းအနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီလို့ သတင်းတွေမှာ ‌ဖော်ပြလာကြပါတယ်။


Author


က္က