ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းဝင်ငွေထိခိုက်လာခဲ့လို့ပါ။

ပွဲစဉ်တွေရပ်နားထားရတဲ့အတွက် ဝင်ငွေထိခိုက်မှုတွေရှိလာချိန်မှာ လစာလျှော့ချသွားမှာဖြစ်ပြီး ဘာစီလိုနာပထမအသင်းသားတွေဟာ တစ်နှစ်ကိုပျမ်းမျှ ယူရို၁၁သန်း ရရှိတယ်လို့ သိရပါတယ်။ 


ဘာစီလိုနာအသင်းဟာ လာမယ့်တစ်ပတ်အတွင်း အသင်းကစားသမားတွေကို ယာယီလစာဖြတ်တောက်ဖို့အတွက်ကို ဆုံးဖြတ်သွားဖွယ်ရှိတယ်လို့ ကလပ်အသင်းနဲ့နီးစပ်သူတစ်ဦးက ESPN ကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိလာချိန်မှာ ဘာစီလိုနာက လစာလျှော့ဖို့ပြင်ဆင်လာတာဖြစ်ပါတယ်။

အသင်းရဲ့ ပထမကစားသမားတချို့ကို လစာဖြတ်တောက်သွားမှာဖြစ်ပြီး အသင်းဥက္ကဌဘာတိုမြူက ဘုတ်အဖွဲ့ဝင်တွေနဲ့ သဘောထားဆွေးနွေးအပြီးမှာ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ပွဲစဉ်တွေရပ်နားထားရတဲ့အတွက် ဝင်ငွေထိခိုက်မှုတွေရှိလာချိန်မှာ လစာလျှော့ချသွားမှာဖြစ်ပြီး ဘာစီလိုနာပထမအသင်းသားတွေဟာ တစ်နှစ်ကိုပျမ်းမျှ ယူရို၁၁သန်း ရရှိတယ်လို့ သိရပါတယ်။ 

Global Sports Salary Survery က စစ်တမ်းကောက်ယူထားတာဖြစ်ပြီး လစာငွေမြင့်မားစွာရရှိနေသူတဲ့ ကစားသမားတွေအတွက်တော့ အနည်းငယ်အထိနာမှာလည်းဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ကတက်ရောက်ခဲ့လို့ ယူရို ၂၂.၁သန်း ရရှိထားပြီးဖြစ်ကာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါက ယူရို ၃၇.၅သန်းအထိ ရရှိမှာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် လက်ရှိမှာ လာလီဂါရော၊ ချန်ပီယံလိဂ်ပါ ရပ်တန့်ထားရတဲ့အတွက် အသင်းရဲ့ဘဏ္ဍာရေးအပေါ် သက်ရောက်မှုတွေရှိလာခဲ့ပါတယ်။ စတိုးဆိုင်တွေ၊ ပြတိုက်တွေကိုလည်း ပိတ်ပင်ထားရသလို ကမ္ဘာတဝှမ်းက အကယ်ဒမီတွေကိုပါ ပိတ်ထားရလို့ ဝင်ငွေရရှိနိုင်တဲ့ ရင်းမြစ်မှန်သမျှမှာ လျော့နည်းလာခဲ့ပြီးနောက် ကစားသမားတွေအပေါ်မှာ ရိုက်ခတ်မှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ 



က္က