ချန်ပီယံလိဂ်ပွဲအားလုံးကို ပေါ်တူဂီမှာ တစ်ကျော့တည်း ကစားမှာပါ။

ဆီးစစ်ဆေးရာမှာလည်း မျက်နှာချင်းဆိုင်မှာမှန်ထောင်ထားပြီး တာဝန်ရှိသူက အဝေးကနေ လှမ်းကြည့်နေမှာဖြစ်သလို ကွင်းအတွင်း ကစားသမားအချင်းချင်းလည်း ဂျာစီလဲလှယ်ခွင့်မရှိပါဘူး။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကနေ ဗိုလ်လုပွဲအထိ ပွဲစဥ်အကုန်လုံးကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာသာတစ် ကျော့စနစ်နဲ့ ကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းအားလုံး တသဝေမတိမ်း လိုက်နာရမယ့် စည်းကမ်းချက် တွေကို ယူအီးအက်ဖ်အေက ချမှတ်ထုတ်ပြန်ပေးထားပြီ ဖြစ်ပါတယ်။



ပြိုင်ပွဲဝင်အသင်း ၈သင်းစလုံးနဲ့ အသင်း တာဝန်ရှိသူအားလုံး ယူအီးအက်ဖ်အေက သတ်မှတ်ပေးထားတဲ့ စည်းကမ်းချက် ၃၁ချက်ကို လိုက်နာဖို့ လိုအပ်ပါတယ်။

အဲ့ဒီထဲကမှ အချို့သော အချက်တွေဟာ ကသိကအောက် ဖြစ်စရာတွေ ရှိပေမယ့်လည်း ကိုဗစ်ကာလဖြစ်တဲ့ အပြင် ပြိုင်ပွဲဝင် အသင်းတစ်သင်းဖြစ်တဲ့ အက်သလက်တီကိုအသင်းက ကစားသမား၂ဦး ကိုဗစ်ပိုးတွေ့ထားလို့ တင်းကြပ်ထားတဲ့စည်းမျဥ်းတွေကို မဖြစ်မနေ လိုက်နာကြရမှာလည်း ဖြစ်ပါတယ်။

ကလပ်အသင်း ကစားသမားတွေနဲ့ တာဝန်ရှိသူတွေဟာ သတ်မှတ်ဟိုတယ်ကနေ ခွင့်ပြုချက်မရှိပဲ ထွက်ခွင့်မရှိသလို ထွက်ခဲ့ရင်လည်း ပြင်ပလူများနှင့်ထိတွေ့ခွင့်မရှိဘူးလို့သိရပါတယ်။

ဟိုတယ်တွင်းမှာလည်း ကစားသမားတွေနဲ့ တာဝန်ရှိသူတွေဟာ သီးသန့် စားသောက်ခန်းနဲ့စားသောက်ရမှာ ဖြစ်သ လို အဝတ်အစားတွေ လျှော်ဖို့အတွက်လည်း အသင်းတာဝန်ရှိသူတွေကသာ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

ကစားသမားတွေကို စစ်ဆေးတဲ့အခါမှာ ကိုဗစ်တင်မက တားမြစ်ဆေး သုံးစွဲမှု ရှိမရှိဆိုတာကိုပါ စစ်ဆေးကြမှာ ဖြစ်ပါတယ်။ဒီလိုစစ်ဆေးရာမှာ ဆီးကိုစစ်ဆေးမှာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူက ကိုဗစ်ကာလဖြစ်တဲ့အတွက် အနီးကပ်စောင့်ကြည့်နိုင်မှာမဟုတ်ပါဘူး။အဲ့ဒီအတွက် ကစားသမားနဲ့ မျက်နှာချင်းဆိုင်မှာ မှန်တစ်ချက်ကို ထောင် ပေးထားမှာြဖစ်ပြီး တာဝန်ရှိသူက အဝေးကနေ လှမ်းမြင်နေနိုင်အောင် ဆောင်ရွက်ထားတာကြောင့် နည်းနည်း တော့ ကသိကအောင့် နိုင်စေမှာပါ။

လေယာဥ်နဲ့ ဘတ်စ်ကားတွေကိုလည်း အများပြည်သူနှင့် တတ်နိုင်သမျှ မထိစပ်နိုင်ဖို့ လုပ်ဆောင်ပေးမှာ ဖြစ်ပြီး ကစားသမားတွေအနေနဲ့ အထူးသီးသန့် ထွက်လမ်းကနေ သွားရောက်ရမှာလည်း ဖြစ်ပါတယ်။

ကွင်းအတွင်း စည်းကမ်းတစ်ချက်ကတော့ ပွဲအပြီး ဂျာစီ လဲလှယ်ခွင့်ကို တားမြစ်ထားပါတယ်။ဒါကြောင့် မိမိအနေနဲ့ မက်ဆီနဲ့ ဂျာစီလဲဖို့ တွေးထားရင်တော့ စိတ်မကောင်းဘူးလို့ပဲ ဆိုပါရစေလို့ ယူအီးအက်ဖ်အေက သတင်းထုတ်ပြန်ထားပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲတွေကို လာမယ့် ကြာသပတေးနေ့ညက စတင်ပြီး တစ်ရက်တစ်ပွဲနှုန်းနဲ့ ကျင်းပ သွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က