လက်ရှိမှာ ၉၉၉ ပွဲ ကစားပေးထားပြီးဖြစ်ပါတယ်။
Pyae Phyo Thein

အီတာလီယာဖလားဆီမီးဖိုင်နယ်အကျော့မှာ ရော်နယ်ဒိုပါဝင်ကစားပေးပြီး အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ကာ ၂၀၂ဝအတွင်းကစားပေးခဲ့တဲ့ပွဲအားလုံးမှာ ဂိုးရယူနိုင်ခဲ့ပါတယ်။ 


ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ ဒီနေ့ကစားမယ့် ဘရက်စီယာနဲ့ပွဲအတွက် လူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ အေစီမီလန်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ အီတာလီယာဖလားဆီမီးဖိုင်နယ်အကျော့မှာ ရော်နယ်ဒိုပါဝင်ကစားပေးပြီး အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ကာ ၂၀၂ဝအတွင်းကစားပေးခဲ့တဲ့ပွဲအားလုံးမှာ ဂိုးရယူနိုင်ခဲ့ပါတယ်။ 

ရော်နယ်ဒိုအနေနဲ့ စီးရီးအေ ၁ဝပွဲဆက်တိုက်ဂိုးသွင်းထားတဲ့ စံချိန်ကိုလည်းရရှိထားပေမယ့် နည်းပြဆာရီကတော့ အနားပေးထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာရော်နယ်ဒိုအတွက် သူ့ရဲ့ကစားသမားဘဝ ပြိုင်ပွဲစုံပွဲပေါင်း ၁၀၀၀ ပြည့်မြောက်မယ့် အခွင့်အရေးနဲ့လည်း လွဲချော်ခဲ့ရတာဖြစ်ပြီး နောက်ထပ်တစ်ပွဲစောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။ 

ဒီရာသီမှာ ဂျူဗီအတွက် ခြေစွမ်းပြနေကာ စီးရီးအေသွင်းဂိုး၂၀ နဲ့ အခြားပြိုင်ပွဲတွေမှ ၄ဂိုးအထိ ရော်နယ်ဒိုက သွင်းယူပေးထားပြီးဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးကြီးကို SPAL အသင်းနဲ့ပွဲစဉ်မှာ ပြန်လညြ်မင်တွေ့ရဖွယ်ရှိနေပြီး သူ့အတွက် ပွဲ ၁၀၀၀ ပြည့်မြောက်မယ့်

ပွဲလည်း ဖြစ်လာဖွယ်ရာရှိတယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

ဂျူဗီအသင်းလူစာရင်းမှာတော့ ရော်နယ်ဒိုနည်းတူ ဒေါက်ဂလပ်စ်ကော်စတာ၊ ဘာနာဒက်ခီ၊ ခီဒီရာ၊ ချီလီနီ နဲ့ ဒီမီရယ်လ်တို့လည်း လွဲချော်ခဲ့တာကို တွေ့ရပါတယ်။ ဂျူဗီကတော့ လက်ရှိမှာ အင်တာမီလန်နဲ့ ရမှတ်တူညီနေပြီး ဂိုးကွာဟချက်အရ အမှတ်ပေးဇယားကို အင်တာမီလန်က ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က