ဟာဇက်ကို မရရှိခဲ့ပါက အစားထိုးခေါ်ယူသွားမှာ ဖြစ်ပါတယ်။
Pyae Phyo Thein

ဘရာဇီးလ်ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီကမှ လာဇီယိုကနေ ဝက်စ်ဟမ်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၃၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဒီရာသီအမှတ်ပေးပွဲအားလုံးကို ဝင်ရောက်ကစားပေးထားကာ (၈)ဂိုးသွင်းယူပြီး (၆)ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ လာမယ့်နွေရာသီမှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့အတွက် ရည်ရွယ်နေပြီး ကစားသမားအများအပြားကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ နည်းပြဇီဒန်းကို ပြန်လည်ခန့်အပ်ခဲ့ပြီးနောက် များပြားတဲ့ ငွေကြေးပမာဏကို ပြောင်းရွှေ့ကြေးအဖြစ် အသုံးပြုဖို့ ရီးရဲလ်က ခွင့်ပြုပေးထားပြီး နာမည်ကျော်ကစားသမားတွေကို ခေါ်ယူဖို့အတွက် ဇီဒန်းကို လမ်းညွှန်ထားတယ်လို့ သိရပါတယ်။



Sky Sports ရဲ့ ဖော်ပြချက်အရ ရီးရဲလ်အနေနဲ့ နံပါတ်တစ်ပစ်မှတ်အဖြစ် ချယ်လ်ဆီးကစားသမား ဟာဇက်ကို သတ်မှတ်ထားပြီး ပေါင်သန်း (၆၀)နဲ့ ကမ်းလှမ်းမှုတစ်ခုကို စတင်ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးကတော့ ရီးရဲလ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။ ဒီအတွက် ရီးရဲလ်က ဟာဇက်ကို မရရှိခဲ့ဘူးဆိုရင် အစားထိုးခေါ်ယူမယ့် ကစားသမားအဖြစ် ဝက်စ်ဟမ်းအသင်းက ဖိလစ်ပီအန်ဒါဆန်ကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဟာဇက် နဲ့ ချယ်လ်ဆီးတို့ဟာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်အတွင်းကို ရောက်ရှိတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေသေးတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဟာဇက်အတွက် ရီးရဲလ်ဘက်က ကြိုးစားနေပေမယ့်လည်း ချယ်လ်ဆီးကတော့ သူတို့ရဲ့ ကစားသမားကို ရောင်းချဖို့အတွက် ငြင်းဆန်ခဲ့ပါတယ်။

ဖိလစ်ပီအန်ဒါဆန်အတွက် တန်ဖိုးကို ရီးရဲလ်မက်ဒရစ်ဘက်က ပေါင် (၆၅)သန်းထိ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။ အသက် (၂၅)နှစ်အရွယ် ဘရာဇီးလ်ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီကမှ လာဇီယိုကနေ ဝက်စ်ဟမ်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၃၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဒီရာသီအမှတ်ပေးပွဲအားလုံးကို ဝင်ရောက်ကစားပေးထားကာ (၈)ဂိုးသွင်းယူပြီး (၆)ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။

အန်ဒါဆန်ရဲ့ ခြေစွမ်းပြသမှုတွေကြောင့် ဘရာဇီးလ်နည်းပြ တီထီက လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခေါ်ယူခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဖိလစ်ပီအန်ဒါဆန်ရဲ့ ခြေစွမ်းအပေါ်မှာ ဇီဒန်းကလည်း သဘောကျနှစ်သက်နေခဲ့ပြီး ဟာဇက်ကို မရရှိခဲ့ပါက အန်ဒါဆန်အတွက် ကြိုးပမ်းမှုတွေကို စတင်သွားဖို့ အသင့်အနေအထားမှာ ရှိနေတယ်လို့ Sky Sports က အတိအကျဖော်ပြခဲ့ပါတယ်။ ဇီဒန်းဟာ စပါးကွင်းလယ်လူ အဲရစ်ဆန် နဲ့ လီဗာပူးလ်တိုက်စစ်ကစားသမား မာနေးတို့ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က