ဂျူဗီအတွက် မထင်မှတ်ထားတဲ့အသင်းက ပြိုင်ဘက်ဖြစ်လာခဲ့တာပါ။
Pyae Phyo Thein

လက်ရှိမှာ စီးရီးအေရဲ့ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် သွင်းဂိုး ၉၃ ဂိုးအထိ အတ္တလန္တာက ရရှိိထားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် စံချိန်တင်သွင်းဂိုးအရေအတွက်လည်း ဖြစ်လာခဲ့ပါတယ်။


ဘရက်စီယာအသင်းကို အိမ်ကွင်းမှာ ၆-၂ နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီးနောက် အတ္တလန္တာအသင်းဟာ စီးရီးအေချန်ပီယံဆုအတွက် ထိပ်ဆုံးကဦးဆောင်နေတဲ့ ဂျူဗင်တပ်စ်အသင်းကို ၆ မှတ်အကွာနဲ့ ဖိအားပေးလိုက်ပြီဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ကို ၂ဂိုးစီသရေကစားခဲ့ပြီးနောက် အတ္တလန္တာက ဘရက်စီယာကို ဂိုးပြတ်ချေမှုန်းခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီးကစားသမားဟောင်းမာရီယိုပါဆာလစ်က ဟက်ထရစ်သွင်းယူကာ ခြေစွ်းပြခဲ့ပြီး ဒီရွန်း၊ မာလင်နော့ဗ်စကီး နဲ့ ဇာပါတာတို့က တစ်ဂိုးစီသွင်းယူခဲ့ကြပါတယ်။ ဒါကြောင့် အတ္တလန္တာအသင်းဟာ ၃၃ပွဲကစားအပြီး (ဂျူဗီထက်တစ်ပွဲပို) ရမှတ် ၇၀ နဲ့ ဂျူဗီကို ဖိအားပေးခဲ့ကာ စီးရီးအေချန်ပီယံဆုကို မျှော်လင့်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

လက်ရှိမှာ စီးရီးအေရဲ့ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် သွင်းဂိုး ၉၃ ဂိုးအထိ အတ္တလန္တာက ရရှိိထားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် စံချိန်တင်သွင်းဂိုးအရေအတွက်လည်း ဖြစ်လာခဲ့ပါတယ်။ လက်ရှိဥရောပထိပ်တန်းလိဂ်ငါးခုမှာ ဂိုးအများဆုံးသွင်းထားတဲ့ အသင်းအဖြစ် ဘိုင်ယန်က သွင်းဂိုး ၁၀၀ နဲ့ ရပ်တည်နေပြီး အဆိုပါအရေအတွက်ကို လိုက်မီဖို့ ၇ ဂိုးသာ လိုအပ်တော့ာလည်းဖြစ်ပါတယ်။ 

နည်းပြဂက်စ်ပါရီနီရဲ့ အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကိုလည်း တက်ရောက်ထားနိုင်ခဲ့ပြီးတော့ ခြေစွမ်းပြနေခဲ့တာဖြစ်ပါတယ်။ အတ္တလန္တာရဲ့ အခုလိုမျိုး စွမ်းဆောင်ရည်ကောင်းမွန်နေခဲ့မှုဟာ ဂက်စ်ပါရီနီကြောင့်လို့ ကျွမ်းကျင်သူတွေက ချီးကျူးနေခဲ့ကြပြီး မထင်မရှားကစားသမားတွေနဲ့ အသင်းကို အခုလိုဖြစ်အောင် တည်ဆောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘရက်စီယာကို အနိုင်ယူအပြီးမှာ ဂက်စ််ပါရီနီက "ပြိုင်ဘက်အရှက်ရစေဖို့ ကျွန်တော်တို့လုပ်ခဲ့တာမဟုတ်ပါဘူး၊ ဒါပေမယ့် ကိုယ်ကစားရမယ့်ပွဲကို အကောင်းဆုံးဖြစ်အောင်ကစားခဲ့တာပါ၊ ပြီးခဲ့တဲ့နှစ်ကလည်း ကျွန်တော်တို့က လိဂ်ရဲ့အကောင်းဆုံးအသင်းဖြစ်ခဲ့ပါတယ်၊ ဒီရာသီမှာ အဲဒီစံချိန်ကို ကိုယ်တိုင်ပဲ ကျော်ဖြတ်ခဲ့ပြီး ကစားသမားအများကြီးက ဂိုးအများကြီးသွင်းခဲ့ကြပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 


Author


က္က