ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်နဲ့သတင်းထွက်ပေါ်ခဲ့သူပါ။

နာပိုလီအသင်းဥက္ကဌ အော်ရယ်လီယိုဒီလော်ရန်းတစ်က အသင်းရဲ့ကြယ်ပွင့်နောက်ခံကစားသမား ကူလီဘလီကို ရောင်းချရမယ့်အချိန်တချိန် ရောက်လာလိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

ကူလီဘလီဟာ ၂၀၁၄ ခုနှစ်မှာ ဂျန့်ခ်အသင်းကနေ နာပိုလီအသင်းကို ပြောင်းရွှေ့ခဲ့ချိန်ကတည်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ အသင်းများစွာရဲ့ အခေါ်ယူချင်ဆုံးနောက်ခံကစားသမားဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့သူဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆီနီဂေါလက်ရွေးစင်နောက်ခံကစားသမား ကူလီဘလီဟာ ပြီးခဲ့တဲ့ နွေရာသီက မန်ချက်စတာယူနိုက်တက်အသင်း ဟယ်ရီမက်ဂွိုင်းယားကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ မခေါ်ယူမီ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။

ကူလီဘလီဟာ လက်ရှိအချိန်အထိလည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေပြီး နာပိုလီအသင်းဥက္ကဌ အော်ရယ်လီယိုဒီလော်ရန်းတစ်က Sky Sport Italia နဲ့ တွေ့ဆုံရာမှာ ကူလီဘလီကို ရောင်းချမယ့်အချိန်ကို ပြောကြားသွားခဲ့ပါတယ်။



“ကျွန်တော် ကူလီဘလီကို အရမ်းနှစ်သက်တယ်။ အဲဒါကြောင့် ယူရို ၁၀၅ သန်းကို ငြင်းပယ်ခဲ့တာပါ။ ဒါပေမယ့် သူ့ကို ရောင်းချရမယ့်အချိန်က ရောက်လာပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ခံစစ်ကို တိုးတက်အောင် မလုပ်ဘူးလို့ ပြောတဲ့အားလုံးက မှားယွင်းနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

နာပိုလီကွင်းလယ်ကြယ်ပွင့် ဖေဘီယံရူးအစ်ဇ်ကလည်း လာလီဂါထိပ်သီးအသင်း ၂ သင်းဖြစ်တဲ့ ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ရာသီကမှ ယူရိုသန်း ၃၀ နဲ့ ရီးရဲဘက်တစ်ကနေ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။



က္က