၁၉၇၂ခုနှစ် ဥရောပဖလားပြိုင်ပွဲမှာ နောက်ဆုံးတက်လှမ်းထားနိုင်ခဲ့တာပါ။
Kyaw Ko Ko Sint

ဝုလ်ဗာဟမ်တန်အသင်းဟာ အိုလံပီယာကော့စ်အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၂-၁ဂိုးနဲ့ အနိုင်ရပြီး ယူုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားပါပြီ။

ဒီလို ဥရောပအဆင့် ပြိုင်ပွဲတစ်ပွဲမှာ ဝုလ်အသင်း ကွာတားဖိုင်နယ် နောက်ဆုံးတက်လှမ်းနိုင်ခဲ့တာက ၁၉၇၂ခုနှစ် က ဖြစ်ပြီး အဲ့ဒီတုန်းက UEFA CUPမှာ စပါးအသင်းကို ၂-၁နဲ့ အရေးနိမ့်ခဲ့ပါတယ်။

ဒါကြောင့် အခုတစ်ကြိမ်က အသင်းသမိုင်းတစ်လျှောက် ၄၈နှစ်အကြာမှ ဥရောပအဆင့် ပြိုင်ပွဲတစ်ရပ်မှာ ကွာတား ဖိုင်နယ်အဆင့်ကို ပြန်လည်တက်လှမ်းနိုင်တာ ဖြစ်ပြီး ကွာတားဖိုင်နယ်မှာတော့ ဆီဗီလာအသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိပါ တယ်။

ဒီနှစ်မှာ အသင်းရဲ့ မှတ်တိုင်တစ်ခုကို ပြန်လည်စိုက်ထူနိုင်ခဲ့ပေမယ့်လည်း လာမယ့်နှစ်အတွက်ကိုမူ ဝုလ်အသင်း ဟာ ဥရောပဝင်ခွင့်မရရှိထားတော့ပါဘူး။

အကြောင်းကတော့ ပရီးမီးယားလိဂ် ရာသီအကုန်မှာအဆင့် ၇နဲ့သာ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ဒါကလည်း ကံဆိုးစွာပဲ အဆင့် ၆က စပါးအသင်းနဲ့ ၅၉မှတ်ချင်း တူညီနေသော်လည်း ဂိုးကွာခြားချက် ၃ ဂိုးတည်းနဲ့ ကပ်ခံ လိုက်ရတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒီနှစ်မှာ ဝုလ်အသင်းအနေနဲ့ ယူရိုပါလိဂ်မှာချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်မှသာ လက်ရှိ ကြုံနေရတဲ့ အခြေအနေထက် များစွာသာလွန်နိုင်မယ့် ချန်ပီယံလိဂ်ဝင်ခွင့်ထိပါရရှိနိုင်မှာ ဖြစ်ပြီး မစွမ်းဆောင်နိုင်ခဲ့ ရင်တော့ လာမယ့်နှစ်မှာ ဥရောပဝင်ခွင့်ရမှာ မဟုတ်ပါဘူး။

ကွာတားဖိုင်နယ်မှာတော့ ကိုဗစ် ရောဂါ ပျံ့နှံ့မှုကြောင့် နှစ်သင်းစလုံး အရင်လို အိမ်ကွင်းအဝေးကွင်း ကစားခွင့် ရမှာ မဟုတ်ပဲ ဂျာမနီနိုင်ငံမှာသာ ကြားကွင်းအဖြစ် အသုံးပြု ကစားရမှာပါ။

ဥရောပဘောလုံးအဖွဲ့ချုပ်က ကိုဗစ်ကြောင့် ဥရောပပွဲစဥ်အားလုံးကို ကွာတားဖိုင်နယ်က စတင်ကာ အိမ်ကွင်း အဝေးကွင်းမကစားစေတော့ပဲ နိုင်ငံတစ်နိုင်ငံကို ရွေးချယ်ကာ အထိုင်ကစားစေဖို့ ဆုံးဖြတ်ထားပါတယ်။

ယူရိုပါလိဂ် ပြိုင်ပွဲအားလုံးကို ဂျာမနီနိုင်ငံမှာ ကစားသွားမှာ ဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲအားလုံးကို ပေါ်တူဂီမှာကစားစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဝုလ်ရော ဆီဗီလာပါ အားသာချက် အားနည်ချက် တူညီနေမှာ ဖြစ်ပြီး ခြေစွမ်းနဲ့ စိတ်ဓာတ် သာလွန်တဲ့ အသင်းက အသာရသွားမှာပါ။

ဝုလ်တိုက်စစ်မှူး ဂျီမီနက်ဇ်က အားထားရတဲ့ တိုက်စစ်မှူးတစ်ဦးပီပီ ပြိုင်ပွဲစုံ ရရှိသမျှ ပင်နယ်တီ ၈လုံးစလုံးကို ဝင်အောင် ကန်သွင်းထားနိုင်တာကလည်း အဆုံးသတ်ပိုင်းကောင်းမွန်မှုကို ပြသထားရာရောက်ပါတယ်။

ဝုလ်ရဲ့ အိပ်မက်၊မျှော်လင့်ချက်၊အနာဂတ်တွေက ယူရိုပါလိဂ် စစ်မျက်နှာပြင်တစ်ခုတည်းအပေါ်သာ ကျန်ရှိ မှီတည် နေပြီဖြစ်လို့ တစ်ခုတည်းသော စစ်မျက်နှာပြင်ကို အားကုန်တိုက်ဖို့သာ ကျန်ပါတော့တယ်။

လက်ရှိ ယူရိုပါလိဂ်မှာတော့ လေဗာကူဆင်၊ ဘေဆယ်၊ ဝုလ်ဗ်၊ ဆီဗီလာ၊မန်ချက်စတာ ယူနိုက်တက်၊ ရှက်တာဒိုးနက်၊ အင်တာမီလန်၊ကိုပင်‌‌ဟေဂင်အသင်း တို့ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ကြပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ် တွေကို တော့ အခုလိုပဲ ကစားသွားကြမှာဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ကစားမှာဖြစ်ကာ မြန်မာစံတော် ချိန် နံနက် ၁း၃၀ နာရီမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။


Author


က္က