မနက်ဖြန်မှာ အတည်ပြုဆုံးဖြတ်မှာပါ။

ကွာတားဖိုင်နယ်ကစကာ ဗိုလ်လုပွဲအထိ ပွဲအားလုံးကို တစ်ကျော့တည်းသာ ကစားသွားမှာဖြစ်ပြီး သြဂုတ်လ ၁၁ ရက်နေ့ကနေ သြဂုတ်လ ၂၃ ရက်နေ့အတွင်း အပြီးကစားသွားမှာလည်းဖြစ်ပါတယ်။


ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ချန်ပီယံလိဂ်နောက်ဆုံး၈သင်းအဆင့်ကစကာ ပွဲအားလုံးကို ၁၁ ရက်အတွင်းအပြီးကစားသွားဖို့ စီစဉ်ထားပြီး အဆိုပါအစီအစဉ်ကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မယ့် အမှုဆောင်ကော်မတီအစည်းအဝေးမှာ တင်ပြသွားမယ်လို့ သိရကာ အတည်ပြုနိုင်ဖို့လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ 



ဒီသတင်းကို ပြောဆိုခဲ့တဲ့ သတင်းရင်းမြစ်ကတော့ ကလပ်အသင်းနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေကြားမှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက် အဆိုပါအဆိုပြုချက်ကို သဘောတူညီခဲ့ပြီး အတည်ပြုနိုင်ဖို့အတွက်သာ ကျန်ရှိတော့တယ်လို့ Reuters သတင်းဌာနကို ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

ယူအီးအက်ဖ်အေကတော့ အဆိုပါတောင်းဆိုချက်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာမှတ်ချက်ပြုခြင်းမရှိသေးတာကိုလည်း တွေ့ရပါတယ်။ ကွာတားဖိုင်နယ်ကစကာ ဗိုလ်လုပွဲအထိ ပွဲအားလုံးကို တစ်ကျော့တည်းသာ ကစားသွားမှာဖြစ်ပြီး သြဂုတ်လ ၁၁ ရက်နေ့ကနေ သြဂုတ်လ ၂၃ ရက်နေ့အတွင်း အပြီးကစားသွားမှာလည်းဖြစ်ပါတယ်။

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ကျင်းပသွားဖို့ လျာထားပြီး ဘင်ဖီကာအသင်းအိမ်ကွင်းနဲ့ စပို့တင်းအသင်းအိမ်ကွင်းတွေမှာ ကစားသွားမှာလည်းဖြစ်ပါတယ်။ ဗိုလ်လုပွဲကို သြဂုတ်လ ၂၃ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီးတော့ ပြိုင်ပွဲပုံစံကိုပြောင်းလဲခဲ့လို့ ပွဲအရေအတွက်လျော့ကျခဲ့ပြီး ယူအီးအက်ဖ်အေအတွက်တော့ ရုပ်သံထုတ်လွှင့်မှုကရရှိမယ့် ငွေကြေးက နည်းပါးသွားမှာလည်း ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ၁၆ သင်းအဆင့်ပွဲတွေအဖြစ် မန်စီးတီး-ရီးရဲလ်၊ ဘိုင်ယန်-ချယ်လ်ဆီး၊ ဂျူဗီ-လိုင်ယွန် နဲ့ ဘာစီလိုနာ-နာပိုလီတို့ပွဲတွေကို ကစားရဦးမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီ၊ အတ္တလန္တာ၊ အက်သလက်တီကိုနဲ့ လိုက်ဇစ်တို့ကတော့ ကွာတားဖိုင်နယ်ကို တက်ရောက်ထားပြီးဖြစ်ပါတယ်။ ယူရိုပါလိဂ်ပွဲစဉ်တွေကိုလည်း အဆိုပါ ပုံစံအတိုင်းကျင်းပသွားမှာဖြစ်ပြီး ဂျာမနီက ဒူ့စ်ဘတ်၊ ဒက်ဆယ်ဒေါ့၊ ဂယ်ဆန်ကီရာချန် နဲ့ ကိုလုံးတို့မှာ သြဂုတ်လ ၁၀ ရက်နေ့ကနေ စတင်ကစားသွားမယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က