ဂျူဗင်တပ်က အင်တာမီလန်ကို နိုင်ခဲ့တဲ့ပွဲမှာပါ။
Kyaw Ko Ko Sint

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုမြင့်တက်နေလို့ ပွဲတွေကို ကွင်းပိတ်တာထက်လုံးဝရပ်နားထားဖို့ထိ အမိန့်ထုတ်ထားပါတယ်။

ဂျူဗင်တပ်နဲ့ အင်တာမီလန်ပွဲကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကွင်းပိတ်ကစားစေခဲ့ရာမှာတော့ ကွင်းအတွင်း ဝင်လာချိန် ရော်နယ်ဒိုတစ်ယောက် စနှောက်မှု တစ်ခု လုပ်ဆောင်ခဲ့တာက ရယ်စရာ ‌ကောင်းခဲ့ပါ တယ်။

ရော်နယ်ဒိုက ကွင်းအတွင်းဝင်ရောက်ဖို့ ကားပေါ်က ဆင်းလာချိန်မှာ အရင်တုန်းကဆို ကစားသမားတွေကို ကြိုဆို ကြသူတွေ ရှိနေပြီးလက်မှတ်ရေးထိုးပေတာတွေ ဓာတ်ပုံအတူရိုက်တာတွေ ပြုလုပ်နေကြပါ။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ ပရိသတ်တစ်ဦးမှ မရှိတော့တာကြောင့် ရော်နယ်ဒိုက တစ်ဦးတည်း လက်တွေ ဆွဲပြီး နှုတ်ဆက်နေခဲ့သလို လုပ်ပြီး နောက်ပြောင်ခဲ့တာပါ။

အဲ့နောက်မှာလည်း ကွင်းအတွင်း လေ့ကျင့်ခန်း ဆင်းနေချိန်မှာလည်း တစ်ဦးမှ မရှိတဲ့ ပွဲကြည့်စင်ဖက်ကို လှည့်ပြီး တော့လည်း လက်ခုပ်တီး နှုတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာပါ။

ဒီလို နောက်ပြောင်မှုကတော့ ရော်နယ်ဒိုအတွက် အခုမှမဟုတ်ပဲ အရင်ကတည်းက ရော်နယ်ဒိုက စနောက်ပြောင် တတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဘာရည်ရွယ်ချက်နဲ့ အခုလို နောက်ပြောင်လဲဆိုတာတော့ မသိနိုင်ပေမယ့် သူ့ရဲ့ နောက်ပြောင်မှုကို မြင်လိုက်ရရင် အနည်းငယ်တော့ ပြုံးရယ်မိမှာပါ။

ကွင်းပိတ်ကစားခဲ့တဲ့ အဲ့ဒီပွဲမှာတော့ ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်က ရမ်ဆေး၊ဒိုင်ဘာလာတို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။


က္က