ဆီဗီလာအသင်းသားဟောင်းတွေကို ယူရိုပါလိဂ်အောင်မြင်မှုနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။
Pyae Phyo Thein

ပူအာတာ နဲ့ ရီယက်စ်တို့ရုပ်ပုံပါ တီရှပ်တွေကို ဝတ်ဆင်ခဲ့ပြီး အောင်ပွဲခံခဲ့သလို အသင်းခေါင်းဆောင်နာဗက်စ် နဲ့ နည်းပြလော့ပ်တယ်ဂီတို့ကလည်း အမှတ်တရဂုဏ်ပြုစကားတွေပြောဆိုခဲ့ပါတယ်။


ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ဆီဗီလာအသင်းဟာ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အသင်းသားဟောင်းပူအာတာ နဲ့ ရီယက်စ်တို့ကို ရည်ရွယ်ပြီးတော့ ချန်ပီယံအဖြစ်အောင်ပွဲခံခဲ့ပါတယ်။ ပူအာတာ နဲ့ ရီယက်စ်တို့ရုပ်ပုံပါ တီရှပ်တွေကို ဝတ်ဆင်ခဲ့ပြီး အောင်ပွဲခံခဲ့သလို အသင်းခေါင်းဆောင်နာဗက်စ် နဲ့ နည်းပြလော့ပ်တယ်ဂီတို့ကလည်း အမှတ်တရဂုဏ်ပြုစကားတွေပြောဆိုခဲ့ပါတယ်။

၂၀၀၇ မှာ ပူအာတာကတော့ ကွင်းအတွင်းမှာ နှလုံးရောဂါကြောင့် လဲကျပြီးကွယ်လွန်ခဲ့သူဖြစ်ကာ ယခင် ယူအီးအက်ဖ်အေဖလားကို ဆီဗီလာနဲ့ ၂ကြိမ်ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။ ရီယက်စ်ကတော့ ယူရိုပါလိဂ်နာမည်ပြောင်းပြီးနောက် ၃ကြိမ်ဆက်ချန်ပီယံအသင်းသားဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်းမှာ ယာဉ်မတော်မဆမှုနဲ့ ကွယ်လွန်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

အင်တာမီလန်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီး အောင်ပွဲခံခဲ့ချိန်မှာတော့ ဂျီးဆပ်နာဗက်စ်က "အသင်းခေါင်းဆောင်အဖြစ်နဲ့ ဆုဖလားကို ကိုင်မြှောက်ခွင့်ရတဲ့ နေ့ထူးနေ့ကောင်းပါပဲ၊ ဒါက ကျွန်တော်တို့နဲ့အတူမရှိတော့တဲ့ လူအားလုံးအတွက်ပါ၊ ပူအာတာနဲ့ ရီယက်စ်တို့အတွက်ပေါ့" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပြီး ဆီဗီလာအသင်းရဲ့ ရည်ရွယ်ချက်တွေကို နာဗက်စ်က ဖွင့်ဟခဲ့ပါတယ်။ 

နည်းပြလော့ပ်တယ်ဂီကလည်း "ကျွန်တော်အရမ်းပျော်ရွှင်မိပါတယ်၊ ကျွန်တော့်အတွက်တော့ ကြီးမားတဲ့ပျော်ရွှင်မှုပါပဲ၊ ပရိသတ်တွေလည်း အောင်ပွဲခံနေကြပြီးတော့ ဒါဟာ ရီယက်စ် နဲ့ ပူအာတာတို့အတွက်လည်းဖြစ်ပါတယ်၊ ကစားသမားတွေအတွက် ကျွန်တော်ပျော်ရွှင်မိသလို ကစားရတဲ့ကစားသမားဖြစ်စေ၊ မကစားရသူဖြစ်စေ အားလုံးအတွက် ပျော်ရွှင်ရပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ပူအာတာနဲ့ ရီယက်စ်တို့ကတော့ ဆီဗီလာအသင်းရဲ့ အထင်ကရကစားသမားတွေဖြစ်ပြီး ပူအာတာဟာ ဆီဗီလာအသင်းတစ်သင်းတည်းအတွက် ကစားပေးခဲ့ပြီး အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ကွင်းအတွင်းလဲကျပြီး ၂ ရက်အကြာမှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ရီယက်စ်ကတော့ ကွယ်လွန်ချိန်မှာ ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဆီဗီလာလူငယ်အသင်းကထွက်ပေါ်ခဲ့ကာ ပထမတစ်ကြိ်မ်မှာ ၄နှစ်၊ နောက်တစ်ကြိမ်မှာ ၄ နှစ် စုစုပေါင်း ၈ နှစ်ကစားပေးခဲ့သူဖြစ်ပါတယ်။ 


Author


က္က