loading...

loading...

loading...

အဆန်စီယိုကလည်း ရီးရဲမှာ ပျော်ရွှင်နေပါတယ်။
Kg Htet

ရီးရဲမက်ဒရစ်ကြယ်ပွင့် အဆန်စီယိုဟာ စိတ်ပျက်ဖွယ်ရာ ၂၀၁၈-၂၀၁၉ ရာသီကို ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး အဆန်စီယိုရဲ့အေးဂျင့်က ရီးရဲမက်ဒရစ်အသင်းဟာ အဆန်စီယိုကို ရောင်းချလိုခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ အဆန်စီယိုအတွက် ယူရိုသန်း ၁၈၀ နဲ့ ကမ်းလှမ်းလာမှုကို ငြင်းပယ်ခဲ့တယ်လို့ အဆန်စီယိုရဲ့အေးဂျင့် ဟိုရာစီယိုဂတ်ဂျီအိုလီက ပြောကြားခဲ့ပါတယ်။ အဆန်စီယိုဟာ ယခုရာသီမှာ ပွဲ ၂၀ သာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိထားသူဖြစ်ပြီး ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

လီဗာပူးနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ စပိန်လက်ရွေးစင်ကြယ်ပွင့် အဆန်စီယိုကို စိတ်ဝင်စားနေတယ်လို့ ကောလာဟလတွေထွက်ပေါ်နေပြီး အဆန်စီယိုရဲ့အေးဂျင့်က ကစားသမားရော၊ အသင်းကပါ အပြောင်းအရွှေ့ပြုလုပ်ဖို့ ဆန္ဒမရှိကြောင်း ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ်တုန်းက ယူရိုသန်း ၁၅၀ နဲ့ ယူရိုသန်း ၁၈၀ အထိ မြင့်မားတဲ့ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် မက်ဒရစ်က ကမ်းလှမ်းမှုတွေကို နားမထောင်ချင်ခဲ့ပါဘူး”

“သူ့ကို အသင်းကြီးတွေဆီက စိတ်ဝင်စားမှုကတော့ အမြဲတမ်းရှိပါတယ်။ သူသာ ထွက်ခွာဖို့ စဥ်းစားခဲ့မယ်ဆိုရင် သူ့လိုကစားသမားမျိုးအတွက် ဒီလိုသတင်းတွေထွက်လာတာက သာမန်ပါပဲ”

“ဒါပေမယ့် သူ အမြဲတမ်းပြောတာက မက်ဒရစ်မှာ သူ ပျော်ရွှင်နေတယ်ဆိုတာပဲ။ မက်ဒရစ်မှာ အောင်မြင်ဖို့ကိုပဲ သူ စိတ်ဝင်စားပါတယ်။ သူက ငယ်ရွယ်သေးတဲ့ကစားသမားပါ။ အမြဲတမ်းတိုးတက်နေပြီး ကလပ်ကလည်း သူနဲ့ပတ်သက်ပြီး ပျော်ရွှင်နေတာပါပဲ”လို့ ESPN ကို ပြောကြားခဲ့ပါတယ်။


loading...

က္က