ရီးရဲမက်ဒရစ်အသင်းရဲ့ထိပ်တန်းပစ်မှတ်ထဲမှာ ပါဝင်နေသူပါ။
Kg Htet

ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒိုက အသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ ဘတ်ပီအနေနဲ့ အသင်းမှာ ဆက်ရှိ၊ မရှိ ပရိသတ်တွေကို ကတိပေးနိုင်တဲ့ အနေအထားမှာ မရှိကြောင်း ဝန်ခံပြောကြားခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ဘတ်ပီဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ ယခုနွေရာသီ ထိပ်တန်းပစ်မှတ်ထဲမှာ ပါဝင်နေသူဖြစ်ပြီး ယခုနွေရာသီအစောပိုင်းမှာ ဘတ်ပီက စီမံကိန်းအသစ်တွေက ၎င်းကို ဆွဲဆောင်နိုုင်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။



လီယိုနာဒိုက ဘတ်ပီဟာ ပဲရစ်မှာ ပျော်ရွှင်နေတယ်လို့ ယုံကြည်နေပေမယ့် အပြောင်းအရွှေ့ဈေးကွက်ပိတ်တဲ့အချိန်အထိ အသင်းမှာ ရှိနေမလားဆိုုတာကိုတော့ အာမမခံနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

“သူက ကျွန်တော်တို့်အတွက် ပထမဦးစားပေးကစားသမား ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဘတ်ပီက ဒီမှာရှိနေပြီး အသင်းအတွက် အရေးပါတဲ့ကစားသမားပါ။ အဲဒါကို မေးခွန်းထုတ်စရာမရှိပါဘူး။ တနင်္လာနေ့က လေ့ကျင့်ရေးပြန်စတဲ့အခါမှာ ။ သူ့မျက်နှာပေါ်မှာ ကြီးမားတဲ့အပြုံးနဲ့အတူ မြင့်မားတဲ့စိတ်နေစိတ်ထားနဲ့ ရောက်ရှိလာပါတယ်။ အမြဲတမ်းလိုပဲ သူက ဆွဲဆောင်မှုရှိတဲ့သူဖြစ်ပြီး ပရိသတ်တွေက သူ့ကို ချစ်ခင်ကြပါတယ်။ သူ့လို ငယ်ရွယ်ပြီး ပြုံးပျော်နေတတ်တဲ့ ကစားသမားမျိုး အသင်းမှာ ရှိဖို့က အရေးကြီးပါတယ်”

“ကျွန်တော် အကြောင်းပြချက် ၂ ခုကြောင့် ဘယ်တော့မှ ကတိမပေးပါဘူး။ ပထမက ဒီအသင်းမှာဖြစ်ပျက်သမျှ အရာအားလုံးအတွက် ကျွန်တော်တစ်ဦးတည်းက တာဝန်ရှိတဲ့သူမဟုတ်လို့ပါ။ ဒုတိယက သူတို့တွေကို ထိန်းသိမ်းထားနိုင်မယ်လို့ မသေချာဘဲ လွယ်လွယ်နဲ့ ကတိတွေ လျှောက်မပေးချင်လို့ပါ။ ကျွန်တော် လက်တွေ့ကျကျကိစ္စတွေပဲ စိတ်ဝင်စားပြီး ဒီနေ့ ကျွန်တော်တို့ သိရသမျှက အသေချာဆုံးပါပဲ”လို့ Le Parisien ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က