အသက်အရွယ်အရ အကျပိုင်းကို ရောက်ရှိလာနေသူပါ။

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ဝါရင့်ကွင်းလယ်ကြယ်ပွင့် ရာကီတစ်ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောင်းထုတ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ Daily Star ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ခရိုအေးရှားလက်ရွေးစင်ကြယ်ပွင့် ရာကီတစ်ဟာ အေဂျက်အသင်းကနေ ဖရန်ကီဒီဂျောင် ရောက်ရှိလာခဲ့ပြီးနောက် နူးကမ့်မှာ ပုံမှန်ပွဲထွက်ကစားသမားအဖြစ်ကနေ လျှောကျခဲ့တာဖြစ်ပါတယ်။

ရာကီတစ်ဟာ ဖရန်ကီဒီဂျောင်ကို ကျော်ဖြတ်ပြီး ပုံမှန်ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ချင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပွဲထွက်ကစားချိန် ပိုမိုရရှိမယ့်အသင်းကို ပြောင်းရွှေ့ဖို့ ရှာဖွေနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ပြိုင်ပွဲစုံ ၁၂ ပွဲမှာ နည်းပြဗယ်ဗာဒီက ရာကီတစ်ကို ပွဲကစားချိန် မိနစ် ၂၀၀ သာပေးခဲ့ပြီး ယင်းပမာဏဟာ ၎င်းရဲ့အသင်းဖော်အချို့နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပိုမိုနည်းပါးနေတာဖြစ်ပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာကီတစ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းနည်းတူ စိတ်ဝင်စားနေတယ်လို့ Marca ရဲ့သတင်းအရ သိရပြီး ပေါ့ဂ်ဘာ ဒဏ်ရာရရှိနေချိန်မှာ ဖန်တီးမှုမရှိဖြစ်နေတဲ့ကွင်းလယ်အတွက် အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာကီတစ်ဟာ ရွေးချယ်စရာဖြစ်နေတာဖြစ်ပါတယ်။

ရာကီတစ်ဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လ ကျန်ရှိနေသေးတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ကို မျှော်လင့်နိုင်မှာမဟုတ်ဘဲ ပြီးခဲ့တဲ့နွေရာသီတုန်းက ရာကီတစ်ဟာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ချင်ခဲ့ပေမယ့် လီဂူးဝမ်းချန်ပီယံက စိတ်မဝင်စားတာကြောင့် နူးကမ့်မှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။



က္က