ခရိုအေးရှားအသင်းအနေနဲ့ လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ဝေးလ်အသင်းနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ၊ဇွန် ၁၁ မှာ တူရကီအသင်းနဲ့ ခြေစမ်းပွဲတွေ ကစားဖို့ ရှိနေတာပါ။
ယူရို ၂၀၂၀ ခြေစစ်ပွဲကစားဖို့ရှိတဲ့ ခရိုအေးရှားအသင်းဟာ အသင်းလူစာရင်းမှာတော့ အဓိက ကြယ်ပွင့် ကစားသမား ၂ ဦးဖြစ်တဲ့ ရာကီတစ်နဲ့ရီဘစ်တို့နှစ်ဦးကို ချန်လှပ်ခဲ့တယ်လို့ Fox Sports Asia သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဆိုပါ ကစားသမား နှစ်ဦးစလုံးမှာ ခရိုအေးရှားအသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ပေမယ့် ခြေထောက်နဲ့ ဒူးခေါင်းတွေမှာ ဒဏ်ရာကိုယ်စီရရှိနေကြလို့ အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တာ ဖြစ်တယ်လို့ ခရိုအေးရှား အ သင်းက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ၂၀၁၈ကမ္ဘာ့ဖလား ဗိုလ်လုပွဲထိ တက်လှမ်းခဲ့တဲ့ ခရိုအေးရှားအသင်းဟာ လာမယ့် ဇွန် ၈ မှာ ကစားမယ့် ဝေးလ်အသင်းနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲနဲ့ ဇွန် ၁၁ မှာ ကစားမယ့် တူရကီအသင်းနဲ့ ခြေစမ်းပွဲတွေကို အဆိုပါ အဓိက ကစားသမား ၂ ဦး မပါပဲ ကစားရတော့မှာပါ။
“ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ရာကီတစ်နဲ့ ရီဘစ်တို့ ၂ ဦးကို အခုကစား မယ့် ခြေစစ်ပွဲ လူစာရင်းမှာ ထည့်သွင်းသွားမှာ မဟုတ်ပါဘူး။အကြောင်းကတော့ ဒဏ်ရာ ကိုယ်စီ ရနေကြတာ ကြောင့် ဖြစ်ပါတယ်။” လို့ ခရိုအေးရှာ းနည်းပြ ဒါလစ်က ပြောခဲ့ပါတယ်။
ရာကီတစ်ဟာ ပြီးခဲ့တဲ့ ဗလင်စီယာနဲ့ ကစားခဲ့တဲ့ ကိုပါဒယ်ရေး ဗိုလ်လုပွဲမှာ ခြေထောက်ဒဏ်ရာရသွားတာ ဖြစ်ပြီး လာမယ့် ပွဲတွေကို ပါဝင်ဖို့ အချိန်မီ ကြံ့ခိုင်မှု မရနိုင်တော့တာလို့ ဒါလစ်က ရှင်းလင်းပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း လက်ရှိအသင်းမှာ ရွေးချယ်ထားတဲ့ ကစားသမားတွေက သူတို့ ၂ ဦးနေရာမှာ အကောင်းဆုံး အစားထိုး ကစားနိုင်မယ်လိုု့လည်း ဒါလစ်က ယုံကြည်နေပါတယ်။