အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးပေါက်ရှာမတွေ့ခဲ့သူပါ။

ဘာစီလိုနာပရိသတ်တွေဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ ဆလားဗီးယားပရက်ဂ်ပွဲစဉ်မှာ အသင်းရဲ့စွမ်းဆောင်ရည်ပုံမှန်အောက်ကျဆင်းနေခဲ့ပြီးနောက် လူးဝစ္စဆွာရက်ဇ်ကို ရောင်းထုတ်ဖို့ အသင်းကို တောင်းဆိုခဲ့တယ်လို့ Caughtoffside ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ချက်နိုင်ငံမှာ အဝေးကွင်းပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၃ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်စေမယ့် အနိုင်ရလဒ်ကို ဆလားဗီးယားပရက်ဂ်ကစားသမား အိုလာရင်ကာရဲ့ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။

အိုလာရင်ကာရဲ့ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ဂိုးကြောင့်အနိုင်ရရှိခဲ့တဲ့ ဘာကာအသင်းအနေနဲ့ ယင်းပွဲစဉ်ကို အနိုင်ရရှိဖို့ မထိုက်တန်ခဲ့ဘူးလို့ ပြောရင် တရားမျှတမယ်လို့ ယုံကြည်ရပြီး ဆလားဗီးယားပရက်ဂ်ဟာ ပထမပိုင်းရော၊ ဒုတိယပိုင်းမှာပါ အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအတွက် အနိုင်ရရှိခဲ့ပေမယ့် မေ့ပျောက်ရမယ့် ညတညဖြစ်ခဲ့ပြီး ဘာစီလိုနာကစားသမားအများစုဟာ အံ့အားသင့်ဖွယ်ခြေစွမ်းကျဆင်းနေခဲ့ကြတာဖြစ်ပါတယ်။ ခြေစွမ်းကျဆင်းနေခဲ့တဲ့ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ လူးဝစ္စဆွာရက်ဇ်ဟာ မက်ဆီနဲ့ ပူးပေါင်းပြီး မိနစ် ၉၀ လုံး အခွင့်အရေးတွေရရှိခဲ့ပေမယ့် ဂိုးပေါက်ရှာတွေ့ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။



အသက်အရွယ်ပိုင်းအရ အကျပိုင်းကို ရောက်ရှိနေပြီဖြစ်တဲ့ လူးဝစ္စဆွာရက်ဇ်ရဲ့ စိတ်ပျက်ဖွယ်ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီးနောက် ဘာစီလိုနာပရိသတ်တွေဟာ နူးကမ့်ကနေ ဆွာရက်ဇ် ထွက်ခွာချိန်တန်ပြီလို့ အသင်းကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။



က္က