loading...

loading...

loading...

ဘာစီလိုနာအသင်းအတွက် သွင်းဂိုးပေါင်း ၅၉၈ ဂိုးအထိ သွင်းယူပေးထားနိုင်ပါပြီ။
Kyaw Ko Ko Sint

ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားပေါင်း ၃၄ ဆုကို ပိုင်ဆိုင်နိုင်ခဲ့တာကြောင့်လည်း အခြား ကတ္တလန်သားတွေထက် ဆုဖလား ပိုမိုပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက လီဗန်တေးအသင်းကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ယူပြီး ၂၀၁၈-၁၉ ဘောလုံးရာသီရဲ့ လာလီဂါ အမှတ်ပေးချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ဒီဂိုးကြောင့် လည်း ဘာစီလိုနာဟာ အသင်းသမိုင်းတစ်လျှောက် ၂၆ ကြိမ်မြောက် အမှတ်ပေးဆုဖလားကို ရယူနိုင်ခဲ့တာလို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဒုတိယနေရာက အက်သလက်တီကိုအသင်းထက် လက်ကျန် ၃ ပွဲအလိုမှာ ၉ မှတ် သာနေခဲ့တာ ဖြစ်ပြီး ဂိုးကွာခြားချက်အရလည်း ၂၅ ဂိုးအထိ ပိုများနေတယ်ဆိုပေမယ့် သင်္ချာသဘောတရားအရ ဒီအချိန်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက်လည်း မျှော်လင့်ချက်ရှိသေးတယ်လို့ ဆိုရမှာပါ။

ဒါပေမယ့်လည်း လာလီဂါရဲ့ စည်းမျဉ်းက ဂိုးကွာခြားချက်ကို နှိုင်းယှဉ်တာမဟုတ်ပဲ နှစ်သင်းကြား ထိပ်တိုက် တွေ့ဆုံမှုကို ကြည့်တာ ဖြစ်တာကြောင့် လက်ကျန် ၃ ပွဲမှာ အက်သလက်က ၃ ပွဲနိုင်ပြီး ဘာစီလိုနာက ၃ ပွဲရှုံးရင်တောင် ရမှတ်တူ အနေအထားမှာ ဘာစီလိုနာက ဒီနှစ် နှစ်ကျော့ ကစားထားမှုအရ တစ်ပွဲနိုင် တစ်ပွဲသရေဖြစ်လို့ အက်သလက်ကို အသာစီးရယူပြီး ချန်ပီယံဆုကို ရရှိခဲ့တာပါ။

တိုက်စစ်မှူး မက်ဆီအနေနဲ့လည်း အခုလို ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့တာဟာ ကစားသမားဘ၀ ၁၀ ကြိမ်မြောက် လာလီဂါ အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပြီး ဒီစံချိန်ဟာ အခြားသော ကစားသ မားအားလုံးထက် သာလွန်နေခဲ့တာ ဖြစ်တာကြောင့် ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့တာပါ။

ထပ်မံပြီးတော့လည်း ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားပေါင်း ၃၄ ဆုကို ဆွတ်ခူးထားနိုင်တာကြောင့် အခြားသော ကတ္တလန်သားတွေထက်လည်း ဆုဖလားပိုမို ပိုင်ဆိုင်ထားနိုင်ပါသေးတယ်။ ဘာစီလိုနာအသင်းကတော့ လာမယ့် ကြားရက်မှာ လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ကစားရမှာ ဖြစ်တာကြောင့် အခုကစားခဲ့တဲ့ လီဗန်တေးနဲ့ပွဲမှာ လီယွန်နယ် မက်ဆီက အရန်ကစားသမား အဖြစ်သာ ပါဝင်ထားခဲ့တာလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က