မက်ဆီထွက်ခါာခဲ့ရင်ဆိုတဲ့ မေးခွန်းကို ဖြေဆိုခဲ့တာပါ။
Pyae Phyo Thein

မက်ဆီထွက်ခွာခဲ့မယ်ဆိုရင်တော့ အကျိုးသက်ရောက်မှုတွေရှိလိမ့်မယ်လို့ တီဘက်စ်က ဆိုခဲ့ပြီး တူညီတဲ့မေးခွန်းကို ကွဲပြားတဲ့ဖြေဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။


လာလီဂါအဖွဲ့ချုပ်ဥက္ကဌဂျာဗီယာတီဘက်စ်က စပိန်ကနေ ရော်နယ်ဒိုထွက်ခွာသွားခဲ့တာဟာ ဘယ်လိုအကျိုးသက်ရောက်မှုမျိုးမှမရှိခဲ့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း မက်ဆီထွက်ခွာခဲ့မယ်ဆိုရင်တော့ ဒါဟာကွဲပြားခြားနားမှုတစ်ခုဖြစ်ပြီး အားလုံးကို သတိထားမိစေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။ စပိန်လာလီဂါမှာ မက်ဆီနဲ့အပြိုင် ရော်နယ်ဒိုက ထင်ပေါ်ကျော်ကြားခဲ့ပြီး သူတို့နှစ်ဦးကြားမှာ ကလပ်အသင်းအောင်မြင်မှု၊ တစ်ဦးချင်းအောင်မြင်မှုချင်းတွေ ရဖို့အတွက် အပြိုင်အဆိုင်ဖြစ်နေခဲ့ပြီး စပိန်လာလီဂါကို ပရိသတ်တွေပိုမိုစိတ်ဝင်စားစေခဲ့ပါတယ်။ 

တီဘက်စ်က ပြောဆိုခဲ့ရာမှာတော့ "ရော်နယ်ဒိုထွက်ခွာသွားခဲ့တာက မက်ဒရစ်ကို စိတ်ပျက်ကောင်းစိတ်ပျက်စေပါလိမ့်မယ်၊ ဒါပေမယ့် လာလီဂါကိုတော့ သက်ရောက်မှုမရှိသလောက်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လာလီဂါအမှတ်တံဆိပ်ကို ကစားသမားတစ်ဦးထက် ကျော်လွန်အောင် နှစ်ပေါင်းများစွာပြင်ဆင်ထားနိုင်ခဲ့လို့ပါ" လို့ RAC1 ကို ပြောဆိုခဲ့ပါတယ်။ 

ဒါပေမယ့် မက်ဆီထွက်ခွာခဲ့မယ်ဆိုရင်တော့ အကျိုးသက်ရောက်မှုတွေရှိလိမ့်မယ်လို့ တီဘက်စ်က ဆိုခဲ့ပြီး တူညီတဲ့မေးခွန်းကို ကွဲပြားတဲ့ဖြေဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ "မက်ဆီဆိုရင်တော့ ကွဲပြားခြားနားပါလိမ့်မယ်၊ မက်ဆီက ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားပါ၊ ကျွန်တော်တို့လိဂ်မှာ သူ့ကိုပိုင်ဆိုင်ထားခဲ့ရလို့ အရမ်းကံကောင်းခဲ့ပါတယ်၊ သူ ထွက်ခွာခဲ့မယ်ဆိုရင်တော့ ပိုပြီးသတိပြုမိစရာဖြစ်ပါလိမ့်မယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ရော်နယ်ဒိုကတော့ မက်ဒရစ်မှာ ၉ နှစ်ကြာကစားခဲ့ပြီး ၄၃၈ ပွဲမှာ ၄၅ဝဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လာလီဂါဖလား ၂လုံး၊ ချန်ပီယံလိဂ်ဖလား ၄လုံး၊ ဘလွန်းဒီအောဆု လေးကြိမ်ရရှိခဲ့ပါတယ်။ တစ်ဦးချင်းဆုအများအပြားလည်းဆွတ်ခူးနိုင်ခဲ့ပြီး မက်ဒရစ်ကလပ်ရဲ့ ဂန္ထဝင်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 


Author


က္က