မက်ဆီဟာ လာလီဂါသွင်းဂိုး စုစုပေါင်း (၃၆)ဂိုးအထိ ရရှိခဲ့ပြီး ပီချီချီဆု (လာလီဂါရွှေဖိနပ်ဆု)ကို ဆွတ်ခူးသွားခဲ့ပြီး ဘီလ်ဘာအိုတိုက်စစ်မှူးဟောင်း တယ်လ်မိုဇာရာရဲ့ ရွှေဖိနပ်ဆု (၆)ကြိမ်ရရှိမှုနဲ့ စံချိန်တူညီသွားခဲ့ပါတယ်။
မနေ့က ကစားခဲ့တဲ့ လာလီဂါနောက်ဆုံးပွဲစဉ် (၃၈)မှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက အီဘာအသင်းကို သွင်းဂိုး (၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုးတွေနဲ့အတူ မက်ဆီဟာ လာလီဂါသွင်းဂိုး စုစုပေါင်း (၃၆)ဂိုးအထိ ရရှိခဲ့ပြီး ပီချီချီဆု (လာလီဂါရွှေဖိနပ်ဆု)ကို ဆွတ်ခူးသွားခဲ့ပြီး ဘီလ်ဘာအိုတိုက်စစ်မှူးဟောင်း တယ်လ်မိုဇာရာရဲ့ ရွှေဖိနပ်ဆု (၆)ကြိမ်ရရှိမှုနဲ့ စံချိန်တူညီသွားခဲ့ပါတယ်။
တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အီဘာက ဦးဆောင်ဂိုးကို အရင်သွင်းယူခဲ့ပေမယ့်လည်း မက်ဆီက ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဆက်တိုက်ပြန်သွင်းယူခဲ့ပါတယ်။ အီဘာက ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပြီးနောက်မှာ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပြီး ဘာစိလိုနာက
ဒုတိယနေရာက အက်သလက်တီကိုမက်ဒရစ်ကို (၁၁)မှတ်အသာရခဲ့ကာ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။
OptaStats ရဲ့ ဖော်ပြချက်မှာ တယ်လ်မိုဇာရာက လာလီဂါရွှေဖိနပ်ဆုကို (၆)ကြိမ်အများဆုံးရရှိထားပြီး မက်ဆီက အဆိုပါစံချိန်ကို လိုက်မီခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီရာသီမှာ မက်ဆီက ဘာစီလိုနာအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၅၀) ပြည့်မြောက်သွားခဲ့ပြီး ဘာစီလိုနာ ကစားသမားဘဝမှာ တစ်ရာသီသွင်းဂိုး (၅၀)နဲ့အထက်သွင်းယူနိုင်မှုအဖြစ် ဘောလုံးရာသီ (၆)ရာသီအထိ ရှိခဲ့ပါတယ်။
ဥရောပရွှေဖိနပ်ဆုအတွက် ပြိုင်ပွဲမှာလည်း မက်ဆီက ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီထက် (၄)ဂိုးအထိ အသာစီးရယူသွားခဲ့ပါတယ်။ စနေနေ့ ကစားခဲ့တဲ့ လီဂူးပွဲမှာ ဘတ်ပီက သွင်းဂိုး (၂)ဂိုးသွင်းယူကာ မက်ဆီကို (၂)ဂိုးအကွာနဲ့ ဖိအားပေးခဲ့ပေမယ့် မက်ဆီက (၂)ဂိုးထပ်မံသွင်းယူခဲ့လို့ ဘတ်ပီဟာ လီဂူးနောက်ဆုံးပွဲစဉ်မှာ အနည်းဆုံးသွင်းဂိုး (၄)ဂိုးသွင်းယူနိုင်မှသာ ဥရောပရွှေဖိနပ်ဆုကို မျှော်လင့်နိုင်တေ့ာမှာ ဖြစ်ပါတယ်။
ဘာစီလိုနာကတော့ ပြည်တွင်းဖလား (၂)လုံးကို နှစ်နှစ်ဆက်တိုက် သိမ်းပိုက်နိုင်ဖို့အတွက် ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ဗလန်စီယာကို အနိုင်ကစားရမှာ ဖြစ်ပါတယ်။ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကိုတော့ မေလ (၂၆)ရက်နေ့မှာ ကစားသွားမှာ ဖြစ်ပြီး လက်ရှိမှာ ပုံစံကောင်းပြသနေတဲ့ လေန်စီယာက ဘာစီလိုနာကို ဘယ်လောက်ထိ ဒုက္ခပေးသွားနိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။