ဟာဇက်ကို ရောင်းချခဲ့စဉ်က သဘောတူညီချက်ကြောင့်ပါ။
Pyae Phyo Thein

ဗီလာရီးရဲလ်ကို အနိုင်ယူပြီး ရီးရဲလ်က အမှတ်ပေးဖလားဆွတ်ခူးခဲ့တဲ့နောက်မှာ အဆိုပါငွေကြေးကို ရရှိဖို့အတွက် သေချာခဲ့တာလည်းဖြစ်ပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်း လာလီဂါဆုဖလားရရှိပြီးနောက်မှာတော့ ချယ်လ်ဆီးအသင်းကလည်း အီဒင်ဟာဇက်ကြောင့် အကျိုးရှိလာခဲ့ပြီဖြစ်ပါတယ်။ ဟာဇက်ဟာ ဒီရာသီကမှ ရီးရဲလ်ကို ပေါင်သန်း ၉၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး သူ့ကိုခေါ်ယူခဲ့စဉ်မှာ အပိုဆုကြေးပေးချေဖို့အတွက် သဘောတူညီချက်အချို့ ပါဝင်ခဲ့ပါတယ်။ 

ဒီအတွက်ကြောင့် ရီးရဲလ်မက်ဒရစ်အသင်း အမှတ်ပေးဖလားရရှိခဲ့တဲ့နောက်မှာ သဘောတူညီချက်အတိုင်း အပိုဆုကြေးအဖြစ် ပေါင် ၁၈သန်းအထိ ရရှိတော့မယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ ဗီလာရီးရဲလ်ကို အနိုင်ယူပြီး ရီးရဲလ်က အမှတ်ပေးဖလားဆွတ်ခူးခဲ့တဲ့နောက်မှာ အဆိုပါငွေကြေးကို ရရှိဖို့အတွက် သေချာခဲ့တာလည်းဖြစ်ပါတယ်။ 

Sports Ration သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိခဲ့တာဖြစ်လို့ ရီးရဲလ်ဟာ နောက်ထပ် ပေါင် ၁၄သန်း ထပ်ပေးရဦးမယ်လို့ သိရပြီး ချယ်လ်ဆီးက စုစုပေါင်း ပေါင် ၃၂သန်းအထိ ရရှိတော့မယ်လို့ သိရပါတယ်။ ဒါဟာ လေဗာကူဆင်ကစားသမား ဟာဗက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ချယ်လ်ဆီးအတွက် ငွေကြေးပိုမိုတောင့်တင်းစေလာပြီလည်းဖြစ်ပါတယ်။ 

ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါပွဲ ၁၆ ပွဲသာကစားပေးခဲ့ရပြီး ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရကာ ခြေစွမ်းမပြနို်င်ဘဲ ရှိခဲ့ရပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးကတော့ စာချုပ်ပါသဘောတူညီချက်အတိုင်း ပေါင်သန်း ၃ဝကျော်အထိ ရရှိတော့မှာဖြစ်လို့ ရီးရဲလ်မက်ဒရစ်ရဲ့ အောင်မြင်မှုက သူတို့အတွက်လည်း ချိုမြိန်မှုဖြစ်လာခဲ့ပါတယ်။ 


Author


က္က