လက်ကျန် ၂ပွဲမှာ ၁ပွဲနိုင်တာနဲ့ ဆုဖလားဆွတ်ခူးတော့မှာပါ။
Pyae Phyo Thein

ဇီဒန်းရဲ့ အသင်းက အမှားအယွင်းမရှိဘဲ အနိုင်ကစားခဲ့ပြီး လက်ကျန် ၂ပွဲအလိုမှာ ဘာစီလိုနာကို ၄ မှတ်ဖြတ်တောက်ထားဆဲဖြစ်ပါတယ်။


မန်ဒီ၊ ဘန်ဇီမာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ ဂရန်နာဒါကို ၁-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းဟာ နောက်ထပ်တစ်ပွဲအနို်င်ရတာနဲ့ လာလီဂါဖလားကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။ ဇီဒန်းရဲ့ အသင်းက အမှားအယွင်းမရှိဘဲ အနိုင်ကစားခဲ့ပြီး လက်ကျန် ၂ပွဲအလိုမှာ ဘာစီလိုနာကို ၄ မှတ်ဖြတ်တောက်ထားဆဲဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ဗီလာရီးရဲလ်နဲ့ ကစားရမယ့် အိမ်ကွင်းပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် ရီးရဲလ်ဟာ အမှတ်ပေးဖလားကို ရရှိတော့မှာဖြစ်ပါတယ်။ ဒါဟာ သူတို့အတွက် ၃၄ ကြိမ်မြောက် လာလီဂါဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိခဲ့တာဖြစ်ပြီး ဘာစီလိုနာကတော့ သူတို့ရဲ့လက်ရှိချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်ဖို့ အလားအလာအလွန်နည်းသွားခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်ကတော့ ဗီလာရီးရဲလ်၊ လီဂါနက်စ်တို့နဲ့ ကစားရမှာဖြစ်ပြီး ဘာစီလိုနာက အိုဆာဆူနာ၊ အလာဗက်စ်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘာစီလိုနာအတွက်တော့ လက်ကျန်နှစ်ပွဲစလုံးကို အနိုင်ရခဲ့ရင်တောင်မှ ရီးရဲလ်မက်ဒရစ်ရဲ့ ရလဒ်တွေကို စောင့်မျှော်နေရဦးမှာဖြစ်ပြီး သူတို့ရဲ့ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်တောင် မရှိတော့တဲ့ အနေအထားမှာ ရောက်နေခဲ့ပြီဖြစ်ပါတယ်။ 

ထိပ်တိုက်တွေ့ဆုံထားမှုရလဒ်တွေအရလည်း ရီးရဲလ်က အသာစီးရရှိထားခဲ့လို့ ရမှတ်တူညီခဲ့မယ်ဆိုရင်တောင်မှ အမှတ်ပေးဖလားကို ဘာနေဗျူးကလပ်ကပဲ ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ ပြန်လည်စတင်ကစားချိန်ကစပြီး ရီးရဲလ်မက်ဒရစ်က အကောင်းဆုံးခြေစွမ်းကို ပြသခဲ့ကာ ဆက်တိုက်နိုင်ပွဲယူခဲ့ပြီးတော့ ဘာစီလိုနာရဲ့ သရေကျမှုတွေကို အခွင့်ကောင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က